Part-24(Zawgyi & Unicode)

21.3K 576 25
                                    

Unicode

ကုတင်ထက် ဖြူဖက်ဖြူရောနဲ့အားနည်းဟန်ရှိနေသည့် ဒေါ်ရတနာနွယ်ကိုကြည့်ပြီးအမဖြစ်သူမှာ အားမရနိုင်ပါ။ ဒီလောက်သူမတင်းကြပ်ကာ စောင့်ကြည့်နေသည့်ကြားမှ လုပ်ဖြစ်အောင် လုပ်သည့်ဒီညီမကိုနားမလည်နိုင်ပါ။ သားဉာဏ်ကိုပြောလိုက်ရင်လည်း ဟိုကမအားတဲ့ကြားက ဒေါင်ချာစိုင်းပြီးပြင်ဦးလွင်ထိဆင်းလာအုန်းမယ်။

"မမ!..."

"နိုးပြီလား..."

"မမ...ငါ့ကိုဘယ်သူတွေ့သွားတာလဲ။"

"အော်....သတိရရချင်းပြောတဲ့စကားကဒီစကားလားဟဲ့၊ ငါတွေ့တာနင့်ကို"

"ဟူး..."

ရတနာနွယ် သက်ပြင်းချမိပါသည်။ အမှန်တကယ်ထွက်သွားနိုင်ပြီထင်မှ ပြန်ရောက် လာရပြန်သည်။ သူမဒီလိုမျိုးလောကကြီးထဲကနေထွက်သွားဖို့ ကြိုးစားနေတာသုံးကြိမ်ထက်မနည်းရှိပြီဖြစ်သည်။ မငုဝါက သူ
မအားရင်တောင် စောင့်ကြည့်ဖို့လူငှားတာကြောင့်အခွင့်မသာခဲ့ပေ။ ဒါပေမယ့် သူမကြိုးစားပါဦးမည်။ ဘာရယ်ကြောင့်မသိ
ဒီနေရာကနေ ဒီလိုအပြီးပိုင်ထွက်သွားနိုင်မှ ပျော်ရွှင်မယ်လို့ နွယ်ထင်နေတုန်းဘဲ။

"နွယ်...နင် နင့်သားအတွက်တောင်မတွေးတော့ဘူးလား။"

"နွယ်လား...သားအတွက်တွေးလို့ဒီလောက်ထိတောင့်ခံနေခဲ့တာပေါ့၊ ကားမှောက်လို့အောက်ပိုင်းတစ်ခုလုံးသုံးစားမရဖြစ်ခဲ့တာတောင် နွယ့်ဆေးရုံကုတင်ဘေးလာငိုနေတဲ့
သားကြောင့် နွယ်စိတ်တင်းထားခဲ့တာ။ နွယ် အကို နောက်အိမ်ထောင်ပြုသွားထဲက ဒီဘ၀ကြီးမှာ တစ်စက္ကန့်လေးတောင်‌မပျော်တော့တာ။ သားရှိလို့သာ နွယ်...."

မျက်ရည်တွေစီးကျလာတဲ့အခါ သူမဘယ်လောက်ထိ နာကျင်ခဲ့ရကြောင်း အတိုင်းသားတွေ့နိုင်သည်။ သူမ မမုန်းနိုင်သလို ပျော်လည်းမပျော်နိုင်တော့ပါ။

"ဒါပေမယ့် နွယ်ရယ်...."

"မမ သားဉာဏ်ကိုစိတ်ပူတာနွယ်သိပါတယ်။ ဒါပေမယ့် သားဉာဏ်လည်းအခုသူ့ကို ဂရုစိုက်ပေးမယ့် မှူးရှိနေပြီ။ နွယ်သာ
တစ်ယောက်ထဲ ဒီအမှောင်ခန်းထဲမှာနှစ်ချီအောင် အထီးကျန်နေခဲ့တာ။ နွယ်ပင်ပန်းနေပြီ။"

My step-mom's sister becomes my wife (Complete)Donde viven las historias. Descúbrelo ahora