Part-12 (Zawgyi & Unicode)

15.1K 563 36
                                    

Unicode

မှူး တစ်ယောက်အိပ်ရာထဲဟိုလှိမ့်၊ဒီလှိမ့်နဲ့ မနက်ဖြန် မမနဲ့ ဟိုဦးရဲမင်းဆက်ရဲ့မင်္ဂလာဆောင်အတွက် စဉ်းစားခန်းဖွင့်နေမိသည်။ ဉာဏ်ကလည်း နေနိုင်လွန်းပါ သည်။သူ့ကိုဖုန်းလေး‌တောင်တစ်ချက်မှ
မဆက်ပေ။ သူ့ကိုလည်းဆက်လို့ရမယ့်နံပါတ်မပေးသွားပေ။

*အဟင့်* အသံတိတ်ရှိုက်ငိုမိသည်။ နှစ်နှစ်ကြာတိတ်တခိုး ချစ်နေခဲ့ရသူမို့၊ အရိပ်တကြည့်ကြည့် မြင်ခဲ့ရသူမို့ ဒီလိုမျိုးမမြင်ရတဲ့ရက်တွေမှာ မှူးအောင်ရူးနေအောင်ခံစားရသည်။

ဉာဏ်နင်ကောဒီအ‌ခြေနေတွေကြးထဲမှာ အဆင်ပြေရဲ့လား။

ဒီနေ့မနက်ဟာ မမဖြူစင်နဲ့ဦးရဲမင်းဆက်ရဲ့ရုံးတက်လက်မှတ်ထိုးမည့် နေ့ဖြစ်သည်။ မမက သူအကြိုက်ဆုံး‌အရောင်ဖြစ်သည့် ဆင်စွယ်ရောင် မြန်မာ၀မ်းဆက်လေးကိုဆင်မြန်းထားသည်။ မှူး နဲ့နံ့သာလေးက တော့ ကလေးတွေဖြစ်တာမို့ မိုးပြာနုရောင် မြန်မာ၀မ်းဆက်လေးတွေကိုသာ ၀တ်ထား သည်။ မှန်ရှေ့မှာကြည့်မိတော့ မေမေနဲ့မတူဘဲဖေဖေနဲ့တူသည့် ပခုံးကျော်လှိုင်းတွန့်ဆံပင်တို့‌ကို ချထားမိသည်။ အပြာနုရောင် ၀မ်းဆက်လေးနဲ့ မှူးက တစ်မျိုးလေးဖြစ်နေသည်။

"ဟယ်!...မှူးက လှလိုက်တာ၊ အမြင်ဆန်းနေရောဘဲ။" မမခင်လေးကပြောတော့ မှူးအရှက်ပိုရပြန်ရသည်။ လှသွေးကြွယ်အချိန်မို့ နည်းနည်းတော့ကြည့်ကောင်းနေဟန်ရှိသည်။

ဉာဏ်ဆိုး...နင်ကောငါ့ကိုဒီလိုပုံနဲ့မြင်ရင်ဘာပြောမလဲ ငါအရမ်းသိချင်တာဘဲ။

"ကဲ...သွားမယ် ဦးရဲမင်းဆက်က မခင်လေးတို့အတွက် ကားလွှတ်လိုက်မယ်တဲ့"

"အင်း!.."

မမကတော့ ဦးရဲမင်းဆက်စီစဉ်ပေးသည့်နေရာမှာဘဲ ပြင်ဆင်ကာတရားသို့ရုံးလိုက်လာကြမည်ဖြစ်သည်။

"မှူး နဲ့ နံ့သာဒီကိုကြည့် မမခင်လေး
နင်တို့ကိုအမှတ်တရပုံရိုက်ပေးမယ်။"

"အင်း..." မှူးတို့ညီမနှစ်ယောက် မမခင်လေးကြောင့် အမှတ်တရပုံလေးရိုက်မိလိုက်ကြသည်။

မှူး တို့တရားရုံးရောက်တော့ မမနဲ့ဦးရဲမင်း ဆက် လည်းရောက်နေပြီဖြစ်သည်။ မမကတကယ်ကိုမှ ကျက်သရေရှိကာလှပ‌လွန်းနေသည်။ ဘေးကဦးရဲမင်းဆက်ဆိုသည်ကလည်း အသက် 40 လို့မပြောရအောင်နုဖက်ကာ ခန့်ညားလွန်းသည်။ ဒါကြောင့်ပင် မှူး ဉာဏ်ချောတာကို အပြစ်မမြင်တော့ပေ။

My step-mom's sister becomes my wife (Complete)Where stories live. Discover now