Part-9(Zawgyi & Unicode)

13.4K 478 19
                                    

Unicode

ဖြူစင်တစ်ယောက် Boss နဲ့အတူညစာစားပွဲကိုတက်ရောက်လာခဲ့သည်။ လူကုန်ထံ
အသိုင်းဝိုင်းလို့ကို ပြောစရာမလိုအောင် တောက်တောက်ပြောင်နဲ့ တလျှပ်လျှပ်‌ထနေခဲ့ကြသည်။ Boss က ဖြူစင်ရွေးပေးထားတဲ့ ရှားညိုရောင် suit နဲ့ခန့်ညားခြင်တိုင်းခန့် ညားနေသည်။ အသက် 40 ကလေးတစ်ယောက်အဖေ၊ တစ်ခုလပ်လို့ပြောရင်
ယုံမည့်သူ့ကရှား‌သည်။ ဖြူစင်က‌တော့ရိုးရိုးရှင်းရှင်း မိုးပြာရောင် ဂါ၀န်လက်ရှည်လေးကို၀တ်ဆင်ထားသည်။ ဖြောင့်စင်းနေသည့် ဆံပင်တို့ကို ချထားသောကြောင့် မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အလှကိုပေါ်လွင်နေဆဲဖြစ်သည်။ ပွဲမလာခင်တုန်းကတောင် ဉာဏ် နဲ့ မှူးက သူ့ကိုလှသည်ဟုဝိုင်းချီးမွမ်းနေကြသေးသည်။

"ဖြူစင်!..."

"ဟုတ်ကဲ့...Boss"
ဦးရဲမင်းဆက်ရဲ့အာရုံတွေဟာ ဒီအမျိုးသမီးလေးအပေါ်မှာသာရှိနေသည်။ ကျက်သရေရှိရှိလှနေသည့် ဒီကောင်မလေးကို သူပိုင်ဆိုင်ချင်လာမိသည်။

"ဖြူစင်...ဘာစားမလဲ ကိုယ်ဘာယူပေးရမလဲ"

"‌အို...ဖြူစင်ရပါတယ်။"

"ကိုယ်သွားယူပေးမယ်လေ ပြောပါ။"

"မဟုတ်တာ။ ဖြူစင်သွားယူလိုက်ပါ့မယ်"

ရဲမင်းဆက်လည်း ပါတနာအချို့နဲ့ စကား ပြော‌ဖြစ်နေသည်။ သူ့လုပ်ငန်းတွေကတဟုန်ထိုးတတ်လာသည်မို့ သူလည်းဘဲပင်ပန်းရပါ သည်။ သို့သော်ဒါတွေအားလုံးဟာ သားဉာဏ်အတွက်ဖြစ်သည်။

"ရဲမင်းဆက်...မတွေ့ ရတာတောင်ကြာ‌ပြီနော်"

"ကိုသက်!...မင်းဘယ်တုန်းကပြန်ရောက်တာလဲ။ ငါ့ကိုတောင်မပြောဘူး"

"ငါလား တစ်နေ့ကမှပါကွာ။ Nancy နဲ့တော့တွေ့ပြီးပြီ။ မင်းဖုန်းနံပါတ်တောင်းထားကွ။ အခုဒီမှာလာတွေ့တော့ ပိုကောင်းသွားတာပေါ့။"

"အေး...မင်းကော အိမ်ထောင်တွေဘာတွေကျပြီလား ကိုသက်၊ အရင်ကလိုတွေ့သမျှ ကောင်မလေးတွေနဲ့ သောင်းကျန်းနေတုန်းဘဲလား။"

"ဟာ...ငါအခုထိလူပျိုကြီးပါနော်။ဒါကလည်း ရုပ်ချောနေတဲ့ငါ့အားနည်းချက်ပါကွ"

My step-mom's sister becomes my wife (Complete)Where stories live. Discover now