Unicode ( Warning ⚠️)
သုံးနှစ်ကြာသွားတာတောင် ဒီရပ်ကွက်လေးကာ တိတ်ဆိတ်နေသေးသည်။ အနည်းငယ်သော လမ်းအခင်းအကျင်းတို့ပြောင်းလဲသွားခဲ့ပေမယ့် နွေးထွေးမှုတို့ကတော့အရင်အတိုင်းဖြစ်နေဆဲဖြစ်သည်။
"မှူး...ကိုယ့်ဆီသားကိုပေးလေ။ မှူးညောင်းနေရောပေါ့။"
"အင်း!..."
ဉာဏ်က အိပ်ပျော်နေဆဲဖြစ်သည့်သားဖြစ်သူကိုပွေ့ချီသွားတော့ မှူးကအနောက်ကနေလိုက်ရတော့သည်။သားကသူ့အဖေ ပခုံးပေါ် ခေါင်းလေးတင်ရင်း အိပ်နေပုံကအစ တကယ်ကိုမှ ချစ်စရာဖြစ်သည်။
ဉာဏ်က တိုက်ခန်းရဲ့မပြောင်းလဲဘဲရှိနေခဲ့တဲ့ လျှို့ဝှက်နံပါတတ်ကိုရိုက်လိုက်တော့ ထိုအိမ်ရဲ့ အခိုးအငွေ့တွေက မှူးတို့နှစ်ယောက်ရဲ့အမှတ်တရတွေကိုထင်ဟပ်စေသည်။ ဉာဏ် သားကို ဆိုဖာပေါ်မှာသွားသိပ်ပြီး အခန်းထဲက ခေါင်းအုန်းနဲ့စောင်အပါးလေးကိုအပြေးယူကာ လွှမ်းခြုံထားပေးသည်။ မှူးက ဉာဏ်သားကိုလုပ်ပေးနေတဲ့ ထိုအသေးအဖွားလေးတွေကအစ လိုက်ကြည့်မိရင်း အလိုလိုပြုံးလာမိသည်။ နောက်ဆုံးတော့ မှူးရဲ့ ကမ္ဘာငယ်လေးဟာ သူ့ရဲ့အဖေဖြစ်သူထံမှလိုအပ်တဲ့အချစ်တွေထက်ကိုပိုပြီး အချစ်ခံနေရပြီဖြစ်သည်။
"အရင်တိုင်းဘဲ...မပြောင်းလဲဘူးနော်"
"ဘာကိုလဲ...မှူး"
ဉာဏ်ကဆိုဖာမှာအိပ်ပျော်နေတဲ့သားကိုငုံ့နမ်းရင်း မှူးကိုမော့ကြည့်လာကာမေးသည်။
"ဒီနေရာလေးလေ...အရင်က ဉာဏ်နဲ့ငါနေခဲ့တုန်းကအတိုင်းလေးဘဲ။ပရိဘောဂ ပစ္စည်းတွေနည်းနည်းပြောင်းသွားတာကလွဲလို့။"
"အင်း!...အရင်တိုင်းဘဲ၊ ဒီအိမ်လေးကော ကိုယ့်နှလုံးသားကကော မင်းကိုတမ်းတနေတုန်းဘဲ။"
"အဟင်း!...ဒါနဲ့...ဉာဏ် နင်ပစ္စည်းအားလုံးကိုဟိုနဲ့ဒီကိုနှစ်စုံစီ ၀ယ်ထားတာလား?..."
"ဟုတ်တယ်။ မွှေ့ယာနဲ့ကုတင်ကအစ ဟိုးမှူးအလုပ်လုပ်မယ့် စားပွဲခုံအထိဆင်တူ။"
မှူးက ပြန်တော့မဖြေမိ၊ မရောက်တာကြာတဲ့ မှူးအိမ်လေးကို သေချာလှည့်ကြည့်မိသည်။
![](https://img.wattpad.com/cover/288607473-288-k443364.jpg)
YOU ARE READING
My step-mom's sister becomes my wife (Complete)
RomanceUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...