Warning ⚠️
(Unicode)
ဉာဏ်က မှူးကိုအော်ခေါ်နေသည်မို့ မှူးမှာလန့်ရသည်။မနက်စောစောလေးလန်းသွားအောင် ရေ၀င်ချိုးနေသည်ကိုဒင်းကလှမ်းအော်နေသည်။ရေချိုးခြင်းကို မြန်မြန်လက်စသတ်လိုက်ပြီး bathrobe ကို၀တ်ကာထွက်လာလိုက်သည်။
"ဉာဏ်!...ဘာလို့အော်ခေါ်နေတာတုန်း"
မှူးက ဆံပင်စိုတွေကို သဘတ်နဲ့သုတ်ရင်းထွက်လာသည်။ ဧည့်သည်ရောက်နေသည်ဟုပြောတာကို မကြားတာလား၊ တမင်ဘဲထွက်လာသည်လား ဉာဏ်ဝေခွဲမရပေ။
"ကျစ်!...မင်းဘယ်လိုပုံစံနဲ့ထွက်လာတာလဲ"
"ဟင်!..." ဉာဏ်ပြောမှ မှူးမော့ကြည့်မိတော့ အံ့အားသင့်နေသည့်ပုံနဲ့ မှူးကိုကြည့်နေပါသော Liam ဖြစ်သည်။
"လာ...မင်းအခုအခန်းထဲပြန်လိုက်ခဲ့"
ဉာဏ်ကမှူးလက်ကိုစောင့်ဆွဲကာ အခန်းထဲသို့ခေါ်သွားသည်။
"ဉာဏ်!...ငါအင်္ကျီ၀တ်ဖို့ နင်အပြင်ခဏထွက်ပေး။"
"ငါကဉာဏ်ကောင်းတယ်။ ဒါကြောင့်မူးနေရင်တောင်တစ်ညထဲနေ့ မင်းရဲ့ဘယ်နားကဟာကဘယ်ပုံစံလဲဆိုတာ မှတ်မိတယ်။"
"ကျစ်!...အရှက်ကိုမရှိဘူး။"
"အရှက်မရှိတာ...ငါမဟုတ်ဘူး မင်း ဘယ်နဲ့
ဧည့်သည်လာပါတယ်ပြောနေတာကို ထွက်လာတဲ့ပုံစံက။""ဟ!...ငါရေချိုးနေတာလေ ရေသံနဲ့ဆိုတော့နင်ပြောတာ ငါကြားမလားဟဲ့။ ပြီးတော့
bathrobe တစ်ထည်လုံး၀တ်ထားတာ ဘယ်မှာပေါ်နေလို့လဲ အပိုလုပ်။""ဘာကို အပိုလဲ..."
မှူးလည်း ဉာဏ်နဲ့စကားများနေရင်းနဲ့အင်္ကျီကို မြန်မြန်ကောက်စွပ်လိုက်သည်။
"ပြီးတော့ အဲ့တစ်ယောက်ကငါတို့အိမ်ကိုဘယ်လိုရောက်နေတာလဲ ဉာဏ်"
"ဘယ်လိုရောက်ရမှာလဲ။ မင်းဆီလာတာတဲ့ အရှုပ်တွေလေ!..."
မှူးလည်း ဧည့်ခန်းမှာထိုင်စောင့်နေတဲ့ Liam ဆီသို့သွားလိုက်သည်။ ဉာဏ်ကတော့ မှူးအနောက်ကနေ ထပ်ကြပ်မကွာပါလာသည်။ မှူး...Liam နဲ့မျက်နှာချင်းဆိုင်က ဆိုဖာမှာ၀င်ထိုင်လိုက်တော့ ဉာဏ်ကပါမှူးဘေးထပ်ကြပ်မကွာ ကပ်ထိုင်လာသည်။ ပြီးတော့အဆစ်အနေနဲ့ မှူး ပခုံးပေါ်ကိုတောင်ဉာဏ်ကသူ့ လက်လာတင်လိုက်သေးသည်။ မှူးလည်း ထူးဆန်းနေတဲ့ဉာဏ့်ကိုကြည့်လိုက်တော့ ဘာမှမဖြစ်သလိုပင် ထိုင်နေသည်။
KAMU SEDANG MEMBACA
My step-mom's sister becomes my wife (Complete)
RomansaUnicode သံယောဇဉ်ကြီးတဲ့ငယ်သူငယ်ချင်းနှစ်ယောက်ကြား လက်မခံနိုင်တဲ့ အဖြစ်အပျက်တစ်ခုရောက်ရှိလာခဲ့သည်။ လက်မခံနိုင်မှုများစွာနဲ့ ကျောခိုင်းခဲ့မှုတို့ဟာအချိန်တစ်ခုထိရှိခဲ့သည်။ အဖြစ်အပျက်တွေကို အရွဲ့တိုက်လွန်းကာ ထင်ရာစိုင်းနေသည့် သူ့ကို လက်ထပ်ဖို့ သူမ ကိုယ...