Part-17(Zawgyi & Unicode)

16K 567 43
                                    

Unicode

အခု မှူးမှာမသရဖီကြောင့်လူနာလုံးလုံးဖြစ်နေရသည်။ မသရဖီက မှူးကို ကိုရောင်နီသာနဲ့လှော်တဲ့သူပီပီ အခုလည်းမှူး accident ဖြစ်တဲ့အကြောင်း ကိုရောင်နီသာကို ဆံတော်ဦးသွားတင်ထားသည်။ ဟိုကလည်း ပြာပြာသလဲ ဖုန်းဆက်ကာ သူအလုပ်ဆင်းချိန် လာခဲ့မည်တဲ့လေ။ ဆေးရုံမှာနေရတဲ့တစ်နေ့ခင်းလုံးကပျင်းဖို့ကောင်းလှပါသည်။
တော်ပါသေးရဲ့ ဉာဏ်ဟာမနေ့ကညထဲက
မှူးအတွက်လိုတာလေးတွေ၀ယ်ပေးသွားခဲ့သည်မို့ မဟုတ်ရင်တစ်ယောက်ထဲယောက်ရက်ခပ်နေမည်ဖြစ်သည်။

"စိမ်းသက်မှူးဝေ!..."

"မမ.." မှူးရဲ့လူနာခန်းထဲအပြေးအလွှား၀င်လာသူမှာ မမဖြစ်သည်။ ဘယ်ကနေဘယ်လို သတင်းရသွားလဲတော့မသိပေ။

"စိမ်းသက်မှူးဝေ!...ညည်းကငါ့ကို အမတစ်ယောက်လို့ကော သတ်မှတ်သေးရဲ့လား။"

မမကမှူးကိုတကယ်မှပင် ဒေါသထွက်နေပုံရသည်။ ပြီးတော့ မှူးဒီလိုဖြစ်တာမပြောသည့် အတွက် စိတ်ဆိုးနေဟန်လည်းရှိသည်။

"မမ!...ငါကမမတို့စိတ်ပူနေမှာကြောင့်လေ၊ ပြီးတော့ ငါလည်းဘာမှထိခိုက်ထားတာမဟုတ်ဘူး။"

"အို...ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့၊ ငါ့ညီမကဘယ်လိုတောင် အဖိုးတန်တဲ့သူမို့လို့လည်း၊ဒါနဲ့ တရားခံကောဘာလဲတိုက်ပြေးသွားတာလား။"

"ဟင်!...မဟုတ်ပါဘူး မမရဲ့၊ ငါ့ကိုသူဘဲဆေးရုံလိုက်ပို့ပေးတာ ပြီးတော့..."

"ပြီးတော့ ဘာဖြစ်လဲမှူး..."

"ဉာဏ်ကောင်မလေး ဖြစ်ပုံရတယ်။"

"ဘယ်လို!...ဉာဏ့်ကောင်မလေး ဟုတ်လားမှူး"

"အင်း!...ကဲ မမဘာတွေယူလာလည်းငါဗိုက်ဆာနေတာ။"

"အခုတော့ မေးဖော်ရပြီပေါ့။ ပန်းသီးစားမလား ခွာလိုက်မယ်လေ။"

"အင်း!..." မမက သူသယ်လာ‌တဲ့ခြင်းတောင်းထဲက ပန်းသီးနဲ့ဓားကိုထုတ်ကာခွာပေးနေသည်။

"ဒါနဲ့ မှူး...ညကနင့်ကိုဘယ်သူစောင့်ပေးတာလဲ....တစ်ယောက်ထဲလား။"

"မဟုတ်ဘူး။ဉာဏ်စောင့်ပေးနေတာ မိုးလင်း မှထသွားတာ"

"ဉာဏ်!...တကယ်ဘဲဉာဏ်ကစောင့်ပေးတာလား။"

My step-mom's sister becomes my wife (Complete)Wo Geschichten leben. Entdecke jetzt