Part-33 (Zawgyi & Unicode)

23.4K 729 81
                                    

Unicode

ဒီအိမ်ထဲမှာ မှူးတို့သုံး‌ယောက်ဘဲရှိနေသည့်အခိုက်အတန့်ဖြစ်သည်။ ဒါဟာပထမဆုံးအကြိမ် မိသားစုသုံးယောက် တစ်မိုးအောက်တွင် တည်ရှိနေခြင်းဖြစ်သည်။ မှူးလား... ပျော်ရွှင်နေရသလို ကြောက်စိတ်တို့ကလည်း တစ်ဖန်ကြီးစိုးနေသည်။

သူတို့သားဖကို ကြည့်လိုက်တော့ မှူးရဲ့တစ်ထပ်အိမ်လေးရဲ့ ဧည့်ခန့်မှာ သားဖနှစ်ယောက် ပျော်ရွှင်စွာဖုန်းကြည့်နေလေသည်။ သားကသူ့အဖေရင်ခွင်ထဲ ခေါင်းလေးမှီရင်းကြည့်နေပုံက ချစ်စရာကောင်းလှသည်။ သူ့အဖေကလည်း သူ့သားကိုကြည့်လိုက် သူ့ဖုန်းကိုကြည့်လိုက်နဲ့ အဆင်တော့ပြေသား။

သူတို့သားအဖကို ခိုးကြည့်မိပါတယ်ဆိုမှမှူးဘက်လှည့်ကြည့်လာတဲ့ ဉာဏ့်ကြောင့်ရှက်ရမ်းရမ်းကာ မျက်နှာလွှဲမိသည်။

"အိမ်ရှင်တို့...အိမ်ရှင်တို့!...."

မှူးခြံပြင်မှအော်ခေါ်သံကြောင့်ခပ်သုတ်သုတ် ပင်ထွက်ကြည့်မိတော့ မမတို့ဖြစ်နေသည်။

"မှူး!..."

"မမ..."

မှူးခြံတံခါးဖွင့်ဖွင့်ပေးခြင်း မမကမှူးကိုယ်လေးကိုတင်းနေအောင် ဖက်လာသည်။ မမက အရင်ကထက်ပိန်သွားဟန်ရှိသည်။ သို့သော် မြန်မာ၀တ်စုံလေးကို ‌ကျက်သရေရှိစွာဆင်မြန်းထားတဲ့ မှူးအမဖြူစင်မှူးဝေကလှနေတုန်းဖြစ်သည်။ နံ့သာလေးလည်းပါလာလေသည်။ သုံးနှစ်တာ မတွေ့ရတော့နံ့သာလေးကအရင်ထက်ပင် ပိုလှလာသည်။

"မှူး...နံ့သာလေးတကယ်စိတ်ဆိုးတာနော်"

"မှူး...တောင်းပန်ပါတယ် နံ့သာလေးရေ"

"သုံးနှစ်...သုံးနှစ်တောင်လေ မှူးရဲ့"

"ကဲ....လာအိမ်ထဲ၀င်ပြီးမှဆက်ပြောကြတာပေါ့။"

မှူးလည်း မတွေ့ရတာကြာတဲ့ ဒီ‌ညီအမတွေနဲ့ပြောစရာတွေအများကြီးရှိတယ်။ မမရဲ့ရင်ခွင်ထဲလည်း တိုးဝှေ့ချင်သေးတယ်။

"မမ...လာလေ"

"မှူး....မှူး ငါ့တူလေးကော၊ ဘယ်မှာလဲငါ့ကိုပြပါအုန်း။"

"ကမ္ဘာရေ....ကမ္ဘာ..."

"ဟိုမှာ...."

မှူး ဧည့်ခန်းဘက်ကိုလက်ညိုးထိုးပြလိုက်တော့ သားကဉာဏ့်ပေါင်ပေါ်ကနေ မှူးတို့ဘက်ကိုလှည့်ကြည့်သည်။ ဉာဏ်ကတော့ ခပ်တည်တည်ဘဲရယ်..သူ့အဖေဦးရဲမင်းဆက် ပါတာတောင် ထမနှုတ်ဆက်ဘဲ သားနားမှာသာထိုင်နေသည်။

My step-mom's sister becomes my wife (Complete)Where stories live. Discover now