Part-26(Zawgyi & Unicode)🚨

32.1K 597 25
                                    

Unicode (Warning ⚠️)

မှူးတို့ပါတီကို ဦးရဲမင်းဆက်လည်းတက် သည်။မမတော့မပါပေ။

"အော်...မှူးလည်းပါလာတာကို၊ ဦးကပါမှပါ ပါ့မလားလို့။"

"ဟုတ်ကဲ့၊ ဉာဏ်ကလည်းလိုက်ဖို့ခေါ်တာနဲ့လိုက်ဖြစ်တာပါ။"

"အေး...အေးဆေးနေနော်၊ ဦး ဟိုဘက်မှာဧည့်သည်တွေနဲ့သွားတွေ့လိုက်အုန်းမယ်။"

"ဟုတ်ကဲ့..."

မှူးလည်း ဉာဏ်အနားမှာသာကပ်နေလိုက်သည်။ အချို့သော M.S ၀န်ထမ်းတွေကမှူးနဲ့ဉာဏ်အတူပွဲတက်လာသည်မို့ အံ့ဩနေကြသည်။ မှူးလက်ထပ်ထားတဲ့သူက သူတို့Boss ရဲ့သားမှန်း သိပ်မသိကြပေ။

"မှူး...နင်အရမ်းလှတာဘဲနော်။"

"ကျေးဇူးပါ အမရယ်။ အမလည်းလှပါတယ်နော်"

"နင့်လောက်တော့ ဘယ်အရှိန်အဝါတောက်
မလဲ၊ နင်ကတော့ထင်းထွက်နေရောဘဲ၊"

"ဟုတ်ပါပြီနော်။"

မှူးလည်း ဒီဖက်မှာမသရဖီတို့နဲ့စကားကောင်းနေတုန်း ဉာဏ်ကလည်းဘေးမှာသူ့မိတ်ဆွေတစ်ချို့နဲ့စကားဆိုနေသည်။

"မှူး...ဘာသောက်မလဲ ကိုယ်ဘာယူပေးရမလဲ။"

"မှူးလား? ရှန်ပိန်ကောင်းကောင်းလေးဆိုအဆင်ပြေတယ်။"

"အင်း!...ကိုယ်သွားယူပေးမယ်"

မှူးသောက်ချင်တယ်ဆိုလို့ Waiter ‌ရှိရာဘက်သွားနေတဲ့ ဉာဏ်ကြောင့် မှူးမျက်လုံးထဲဉာဏ့် မက်မွန်သီးလေးပေါ်လာရသည်။ ဒီမက်မွန်သီးကဒီနေ့မှတော်တော်ဘဲ ပေါ်လာနိုင်သည်။

"မှူး...ရော့"

"အင်း!..."

"ဒါနဲ့ဉာဏ် ဟိုမှာ Juliaမလား။"

"အင်း!..."

"ဉာဏ်...သူ့ကိုနင်ဖိတ်ထားတာလား။"

"ဒါက မင်းတို့Company ကလုပ်တဲ့ပွဲလေ ဖိတ်လည်း ဖိတ်မင်းတို့ဘက်ကဖိတ်တာဘဲဖြစ်မှာပေါ့။"

"အော်...ဟုတ်သားဘဲနော်"

"အင်း!..."

"အဲ့ဘက်နင်လုံး၀မလှည့်နဲ့နော်..."

"ဘာဆိုင်လို့လဲမှူးရဲ့၊"

"အဲ့မှာ နင့်ex ကနင်လာမယ်မှန်းသိလို့၀တ်ထားတာကိုလည်းကြည့်အုန်းပိတ်စမလောက်တဲ့အတိုင်းဘဲ။"

My step-mom's sister becomes my wife (Complete)Où les histoires vivent. Découvrez maintenant