010

6.2K 359 29
                                    

“မင်းတစ်ယောက်ထဲအတွက်နဲ့ ကျန်တဲ့လူသုံးယောက်ရဲ့အပျော်ကို ဖျက်ဆီးရမှာလား !”

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“မင်းတစ်ယောက်ထဲအတွက်နဲ့ ကျန်တဲ့လူသုံးယောက်ရဲ့အပျော်ကို ဖျက်ဆီးရမှာလား !”

“ မင်းအမေကိုဆုံးရှုံးလိုက်ရတာကငါ့အတွက် ကြီးမားတဲ့ နစ်နာမှုဆိုရင် သူမကိုပိုင်ဆိုင်ခွင့်ရဖို့က ငါ့အတွက် ကောင်းကင်ဘုံကဆုလာဒ်ဘဲ !”

“ မင်းအမေမှာ သူနဲ့ရခဲ့တဲ့ မတော်တဆမင်းကိုယ်၀န်ကိုလွယ်ခဲ့ရလို့ မင်းအမေကိုသူလက်ထပ်ခဲ့ရတာ ၊ ၀မ်ကတော်ကမှ သူ့ရဲ့အချစ်ဦး၊ မင်းအမေကို ဘယ်တုန်းကမှ သူမချစ်ခဲ့ဘူး !”

“ ရိပေါ်က အရမ်းပျော်နေတာ သားရဲ့၊ဒါကြောင့် သူကိုယ်တိုင်အကုန်ခံပြီးသူငယ်ချင်းတွေကိုပါ‌ခေါ်ပြီးtrip တစ်ခုထွက်သွားတာ”

“ Tuplic ပန်းတွေရဲ့ အဓိပ္ပါယ်က Believe Me တဲ့...ရိပေါ်လေး ကိုကိုပြန်လာခဲ့မယ် စောင့်နေပေးနော် ”

“ မုန်းတယ် ခင်ဗျားတို့အားလုံးကို မုန်းတယ် !”

ပုံရိပ်တွေကတဖျပ်ဖျပ် အသံတွေကပဲ့တင်ထပ်လို့...

“ အား!!!”

နက်ရှိုင်းတဲ့ ညအမှောင်က တိတ်ဆိတ်လို့။ အခန်းထဲညမီးအိမ်လေးထွန်းထားတာမို့ အလင်းက မှ်ိန်ပျပျလေး။
အိမ်မက်ဆိုးက လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့တစ်ကိုယ်လုံးမှာ ချွေးတွေရွှဲနေခဲ့သည်။အသက်ကိုပြင်းပြင်းရှုနေရတာမို့ ရင်အစုံဟာ နိမ့်ချည်မြင့်ချည်ဖြစ်လျက်..
ထပ်မက်ပြန်ပြီ ဒီအိမ်မက်...

နာရီကိုကြည့်မိတော့ ည (2) နာရီ...

ဟူး....

ရှောင်းကျန့်အိပ်ရာမှထလို့  ရေခဲသေတ္တာထဲက ရေတစ်ဘူးကို ယူပြီးတစ်ချိုက်ထဲမော့ချလိုက်သည်။ ရေရဲ့အအေးဓာတ်နဲ့အတူ ခြောက်နှစ်ကြာသိမ်းဆည်းထားတဲ့  ရင်ထဲကအပူတွေက တစ်ခနမျှ ငြိမ်သွားရသလို .....

One Step To You___{Completed}Where stories live. Discover now