07

5.8K 414 46
                                    

“ရှောင်း လွှတ်ဆို !”

ရိပေါ်အတင်းရုန်းကန်နေပေမယ့်မရ။
လူက ရှောင်းရဲ့အပေါ်မှာမှောက်ရက်အနေအထားတဲ့ အချုပ်ခံနေရတာဖြစ်သည်။အတင်းရုန်းကန်တွန်းထိုးနေရင် ရှောင်းက စိတ်မရှည်တော့သလို မျက်ထောင့်နီနဲ့ကြည့်လာကာ ရိပေါ်ကိုယ်လေးကို ဘေးကိုလှိမ့်ချ၏။ တဆက်တည်းသူပါကြွလိုက်လာကာ ရိပေါ်ကိုအပေါ်ကနေပြန်ဖိထားတာဖြစ်သည်။

“အ့ !လေးတယ်”

ရှောင်းက သူ့စကားကိုနားထဲမ၀င်သလို ရိပေါ်ကိုမွေ့ရာနဲ့ သူ့ကိုယ်လုံးကြီးကြားအတင်းချုပ်ထားတာဖြစ်သည်။
ရှောင်းမူးရင်အမြဲဒီလိုလားသူမသိ။သူနဲ့အတူနေဖြစ်ခဲ့တဲ့ တစ်နှစ်ကျော်အတွင်း ရှောင်းရဲ့ဒီလိုပုံစံကို မမြင်ဖူးခဲ့။အိမ်မှာမို့ ကြီးမေရဲ့ရှေ့မို့  ရှောင်းရဲ့ဒီလိုပုံစံကိုမတွေ့ရတာဖြစ်နိုင်သလို ကြီးမေဆုံးပြီးနောက်ပိုင်းမှ ရှောင်းအပြုအမူတွေကြမ်းတမ်းသွားတာလည်းဖြစ်နိုင်သည်။အရင်က ရိပေါ်သိခဲ့တဲ့ရှောင်းဟာ အမြဲအပြုံးချိုချိုလေးနဲ့ သူ့ကိုတွေ့တိုင်းရယ်မောနေတတ်သူဖြစ်ခဲ့လျှက်...
အရင်ကပုံရိပ်ဟာ ဖမ်းလို့မရအောင်ပျောက်ကွယ်ခဲ့ပြီ။

Dinner ပွဲမှာ မေမေမပါတာမို့ လူကစိတ်မကြည်နေသလို ကိုယ်မရင်းနှီးတဲ့ သူ့အပေါင်းအသင်းတွေကြားထဲ ထိုင်မနေချင်တာကြောင့် နားနေခန်းမှာသွားထိုင်နေခဲ့တာဖြစ်သည်။
မန်နေဂျာကျိုး လာခေါ်တော့မှ ရှောင်းအရမ်းတွေသောက်ထားမှန်းသိရသလို လမ်းတောင်ဖြောင့်အောင်မလျှောက်နိုင်တော့တာဖြစ်၏။တစ်လမ်းလုံးလည်း သူ့ရဲ့ ခန္ဓာကိုယ်ကြီးကိုမှ အားမနာ ရိပေါ်ရဲ့ကိုယ်လေးပေါ် မှီလိုက်လာတာဖြစ်သည်။အိမ်ရောက်တော့လည်း သူ့ကိုရိပေါ်တစ်ယောက်ထဲ မနိုင်တာမို့ အိမ်ကကားမောင်းတဲ့ ဦးလေးကိုပါ အကူအညီတောင်းပြီးအခန်း၀ထိလိုက်ပို့ခိုင်းခဲ့ရသည်။

ရှောင်းက သူ့အခန်းထဲလူတကာ၀င်တာမကြိုက်တာမို့ အခန်း၀ကနေ အိပ်ယာဆီ ရောက်အောင်မနိုင်မနင်းတွဲခေါ်ခဲ့ရတာကြောင့် လူကအတော်လေးကို ပင်ပန်းနေတာဖြစ်သည်။အိပ်ယာပေါ်ချပေးပြီး ပြန်ထွက်မယ်လုပ်တော့လည်း အမူးသမားကအထွက်မခံရစ်နေသေး၏။

One Step To You___{Completed}Where stories live. Discover now