029

7.9K 348 44
                                    

📌Edit _ Warning (18+)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

📌Edit _ Warning (18+)

"ခရမ်းချဉ်သီး သုံးအိတ်လိုသေးတယ်အစ်မ"

" ဟိုမှာသယ်လာနေပြီ၊ဂေါ်ဖီတွေလည်းကျန်သေးတယ်မဟုတ်လား? အားလင်တို့ဟိုဘက်မှာ ခရမ်းသီးတွေခူးတာရောပြီးပြီလားမသိဘူး!"

"ခရမ်းသီးတွေကားပေါ်ရောက်နေပြီ၊ တစ်ခါထဲ ချိန်ပြီးသားတွေ၊ မြန်မြန်လေးလုပ်ပေးပါအစ်မရေ ဈေးပြန်ဖွင့်ရမှာနောက်ကျနေလို့"

"ဒီ‌အပတ်ယူတာများတာကိုးဟဲ့၊ နောက်ကျမှာပေါ့ ကျန်တာတွေချိန်ပြီးသားမှတ်လား?ဂေါ်ဖီတွေနဲ့ ခရမ်းချဉ်သီးကျန်နေတာ"

"ဟုတ်တယ်ဗျ အပြန်ပဲပြားစက်ရုံလည်း၀င်ယူရအုံးမယ်၊ ဒါနဲ့ အဘိုးကိုမတွေ့မိပါလား?"

" အဘိုးကစောစောလာပြီးပြန်သွားပြီလေ ဒီမှာ သူ့မြေးတို့လင်မယားပဲထားခဲ့တာ ဟယ်...သခင်လေးရိပေါ်ရေ ဘာလို့ဂေါ်ဖီတွေ သယ်လာရတာလဲ ?လက်တွေနာကုန်မှဖြင့်"

"ရတယ်အစ်မဘာမှမဖြစ်ဘူး၊ကျန်တာတွေနောက်မှာအကုန်သယ်လာပြီ"

ရိပေါ်က သယ်တာတဲ့ဂေါ်ဖီတွေကိုကတ္တားဘေးချပေးသည်။

" သခင်လေးရှောင်းခုနနွားနို့ပြင်ခိုင်းလို့ အိမ်ထဲမှာပြင်ပေးထားတယ် ဒီနားမှာမွေးမြူရေးခြံရှိတယ်လေ မနက်စောစောဆိုလိုက်ပို့တာ အဘိုးအတွက်လည်း အဲ့ခြံကပဲမှာပေးတာ နွားနို့စစ်စစ်တွေရတယ် ဈေးထဲကရောင်းတာတွေက ရေရောထားတာတွေ ၊ သူကနို့မသောက်တော့ ရိပေါ်အတွက်ကြိုခိုင်းတာနေမှာ၊ သွားနားရင်းနဲ့သောက်လိုက်အုံး''

ဒီစိုက်ခင်းတွေဆီရောက်ဖို့ အဘိုးရဲ့အိမ်ကနေနာရီ၀က်လောက်ကားမောင်းရသည်။

One Step To You___{Completed}Where stories live. Discover now