“မေမေ ပိုက်ဆံအရင်းအနှီးနည်းနည်းလိုတယ်သား၊ ဆိုင်ခန်းတစ်ခုဝယ်ထားတယ် မင်းအဖေမသေခင်က နေသွားခဲ့တဲ့အိမ်ကိုရောင်းလိုက်ပြီး ဆိုင်ခန်း၀ယ်ထားလိုက်တာ၊ နေရာကအဆင်ပြေပြီးအချိုအချောင်ရတာမို့ သားကိုလှမ်းမတိုင်ပင်ဖြစ်လိုက်ဘူး၊အရေးတကြီးဖြစ်နေတာဆိုတော့ အဲ့နေရာမှာမေမေကျွမ်းကျင်တဲ့ ပန်းဆိုင်လေးဖွင့်မယ် ၀န်ထမ်းနည်းနည်းလောက်ထားပြီး deliveryနဲ့ လိုက်ပို့မယ်”
မေမေက ဗြုန်းစားကြီးပြန်ရောက်လာပြီး ရိပေါ်ကိုဒီအကြောင်းတွေပြောပြလာတာဖြစ်သည်။နယ်ကနေထွက်ခွာလာတဲ့ကြာပြီဖြစ်တဲ့ မေမေ့အတွက် နယ်ခံလူတွေကြားမှာ မိတ်အသစ်ရဖို့ခက်ခဲလိမ့်မည်။ဒါပေမယ့်လည်းရိပေါ်ကတော့မေမေလုပ်နိုင်လိမ့်မည်လို့ယုံကြည်ပါသည်။
ပြီးတော့ရိပေါ် စုထားတဲ့ လုပ်အားခတွေ ရှောင်းပေးတဲ့မုန့်ဖိုးတွေနဲ့ဆို ဆိုင်တစ်ဆိုင်ဖွင့်ဖို့ငွေကြေးကလည်းလုံလောက်သည်။ဒါပေမယ့်ခက်တာက တနယ်တကျေးမှာ မေမေ့ကိုတစ်ယောက်ထဲစိတ်မချတာဖြစ်သည်။
“မေမေအရမ်းပင်ပန်းမှာပေါ့ ဟိုမှာတစ်ယောက်ထဲနေရမှာသားစိတ်မချဘူး မသွားပါနဲ့လား? ပြီးတော့မေမေအသက်လည်းကြီးပြီ ပန်းရောင်းစားမှအဆင်ပြေမယ့်အခြေအနေမျိုးမဟုတ်တော့ပါဘူး သားလုပ်အားခနဲ့မေမေသုံးလို့ရနေတာပဲဟာ”
အလည်ခနသွားတာတောင် တစ်နှစ်နီးပါးကြာသွားတဲ့မေမေက ခုတော့ ရိပေါ်ကိုရှောင်းလက်ထဲအပ်လို့စိတ်ချထားဖို့ဆုံးဖြတ်ပြီးပုံရသည်။ရိပေါ်တားတော့ မေမေကရိပေါ်ဆံပင်လေးတွေဆီသပ်တင်သည်။
အိမ်နေရင်း ဘောင်းဘီတိုအဖြူလေးထဲ ရှပ်အဖြူပွပွကြီးရဲ့အနားစကို အထဲသွင်း၀တ်ထားတဲ့ရိပေါ်ကအရမ်း ဖြူသန့်နေတာဖြစ်သည်။ခေါင်းလျှော်ပြီးစဆံပင်တွေက ထူတန်းတန်းမျက်ခုံးတွေပေါ် အုပ်ကာပြန်ဝဲကျနေလျှင် နဂိုထက်အများကြီး လူငယ်ဆန်ကာချစ်ဖို့ကောင်းနေတော့တာဖြစ်သည်။
“ ရိပေါ်လေးအရွယ်ရောက်လာပြီ၊လူကြီးတစ်ယောက်လိုအရာရာကိုဆုံးဖြတ်နိုင်ရမယ်သားရဲ့၊ ဒီအိမ်မှာသားက ရှောင်းရဲ့တရား၀င်ယောက်ျား ရှောင်းရဲ့အုပ်ထိမ်းမှုအောက်ကိုသားကရောက်နေပြီ ၊ပြီးတော့...ရှောင်းအတွက်လည်း မေမေထွက်သွားမှ တရားမျှတမှုရှိမှာလေသားရဲ့ ”