![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. မဂ်လာဧည့်ခံပွဲက အောင်အောင်မြင်မြင်ပြီးသွားပေမဲ့ ညပိုင်းdinner ပွဲအတွက်သူစိတ်ရှုတ်ရအုံးမည်။
ခံစားချက်က ဘာရယ်လိုမပြောတတ်အောင်ပင်မွန်းကြပ်လှ၏။
ကိုယ့်အပိုင်လို့ထင်ရပေမယ့် တကယ်တမ်းကိုယ်မပိုင်တဲ့အရာတစ်ခု။နောက်ဆုံးမှာ သူကရောဘာဆက်ဖြစ်မှာလဲ?ဟူး.....
“ သား စိတ်ညစ်နေလား ?”
မေမေကဘယ်ချိန်ထဲကသူ့နားရောက်နေမှန်းမသိ။သူမျက်နှာပူမိသည်
“ မေမေ တောင်းပန်ပါတယ်၊ သား မေမေ့ကိုပါ ပါအောင်ခေါ်ဖို့မလုပ်နိုင်ခဲ့ဘူး ”
“ ဘာမှမဖြစ်ဘူးသား ၊ မေမေကအသက်ကြီးနေပြီ ။လူများတဲ့နေရာလည်းမနေချင်တာအတော်ပါပဲကွယ် ”“ ဒါပေမဲ့....”
“ဒါပေမဲ့ လုပ်မနေနဲ့သား၊ ဟိုမှာ ရှောင်းလာပြီ”
Audi အနီရဲရဲလေးက ပေါ်တီအောက် ထိုးရပ်သွားလျှင် ကိုကိုက စိတ်မရှည်သလို ဟွန်းကိုအဆက်မပြတ်တီး၏။
မေမေ့ကို နှုတ်ဆက်ပြီး ကားထဲ၀င်ထိုင်တော့ ကိုကို့မျက်နှာကြောက ခပ်တင်းတင်း။
သူထိုင်ပြီးပြီးချင်း ကားကို ဝေါခနဲ ဆောင့်ထွက်လျှင်“မေမေ့ !”
ခါးပတ်ကြိုးမတပ်ရသေးခင်လူကယိုင်ထွက်သွားတာမို့ အလန့်တကြားအော်မိတော့ မျက်မှောင်ကုပ်ကြည့်လာသည်။
“ မင်းအမေကအိမ်မှာ ၊ ဘေးမှာရှ်ိနေတာ မင်းယောက်ျား၊ တချင်ရင် ယောက်ျားလို့တ !”
သူ့စိတ်ကြီးပဲ။ခြံထဲမှာလမ်းကတစ်လမ်းသွားမဟုတ်ပဲ ပြိုင်ကွင်းတွေထဲကလိုပြန်ဝိုက်ထားတာမို့ ကားကလှည့်ပတ်ကွေ့စရာမလိုပဲ ဝေါခနဲတန်းထွက်လို့ရတာဖြစ်သည်။ရိပေါ်က ခါးပတ်ကြိုးကိုခါးမှာဆွဲပတ်လျှင် ကိုကိုက မကြည်သလိုတစ်ချက်ကြည့်လာကာ အရှိန်လျှော့ပေး၏။
ပြီးတာနဲ့ အရှိန်ပြင်းပြင်းမောင်းထွက်တာ ဖြစ်သည်။
![](https://img.wattpad.com/cover/288729833-288-k673489.jpg)