022

6.3K 383 52
                                    

“ ဒီ‌ချေးငွေကိစ္စ ရှောင်းကိုမပြောပဲလုပ်ချင်တယ်။ငါ့လစာထဲကနေ လတိုင်းဖြတ်သွားလိုက်လို့ရလား”

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

“ ဒီ‌ချေးငွေကိစ္စ ရှောင်းကိုမပြောပဲလုပ်ချင်တယ်။ငါ့လစာထဲကနေ လတိုင်းဖြတ်သွားလိုက်လို့ရလား”

account manager စုလီကမျက်လုံးပြူးကြည့်လာသည်။သူမလန့်လည်းလန့်မှာပေါ့...
သူဌေးရဲ့ယောက်ျားကပိုက်ဆံချေးနေတာဖြစ်တဲ့အပြင် ပမာဏကလည်းနည်းတာမဟုတ်။

“  ရှောင်းဆီတိုက်ရိုက်ပြောရင်လည်းအဆင်ပြေမှာပဲဟာ ၊ကျွန်မကိုအခက်တွေ့အောင်မလုပ်ပါနဲ့ ၀မ်သခင်‌လေး ရဲ့”

“ ငါ့ကိုယ်ရေးကိုယ်တာသုံးဖို့မလို့ ရှောင်းကိုမသိစေချင်တာ ၊အင်းပါ မင်းလည်းအခက်တွေ့မှာပဲ ထားလိုက်တော့ !သွားလို့ရပြီ ”

ရိပေါ်ခေါင်းငိုက်စိုက်နဲ့ခုံပေါ်မှီလိုက်သည်။
ညကမေမေ ဖုန်းဆက်လာတာဖြစ်သည်။

မြေကွက်၀ယ်တဲ့ကိစ္စအလိမ်ခံလိုက်ရတယ်တဲ့။ ခုဆိုင်ဖွင့်ဖို့အားလုံးပြင်ဆင်ပြီးမှ မြေရှင်အစစ်ကရောက်လာသည်။လျော့ဈေးနဲ့ပေးပြီးမေမေ့ကို ငွေလိမ်ရောင်းသွားသူက အစအနပါဖျောက်သွားတာဖြစ်သည်။

ခုမြေရှင်အစစ်ကဒီမြေကွက်ကိုရောင်းမှာဖြစ်ပြီး မေမေငွေချေနိုင်ရင်မေမေ့ကိုရောင်းပေးခဲ့မှာဖြစ်သည်။
မဟုတ်ရင်သူတို့လည်း ငွေအလောတကြီးလိုနေတာမို့ တခြားသူကိုရောင်းမှာတဲ့။

အရာအားလုံးစီစဉ်ပြီးတာမို့ ရိပေါ်လည်း လူလိမ်ကိစ္စဖော်ဖို့ အချိန်လည်းမအား၊ ငွေကုန်လည်းမခံနိုင်...
အဲ့တာမို့ ဒီမြေကွက်ကို မေမေရဖို့ငွေရှာရုံသာရှိသည်။

သူလည်းအသုံးစရိတ်လွန်သွားတာမို့ ခုငွေအလောတကြီးလိုတော့ ကုမ္ပဏီမှာချေးငွေတင်ရဖို့သာရှိသည်။
မေမေက ရိပေါ်ကိုအဆင်မပြေရင် သူ့မရဲ့ လက်၀တ်လက်စားတွေထုတ်ရောင်းမယ်လို့ပြောပေမယ့် မေမေဘယ်လောက်တန်ဖိုးထားလည်းသိနေတာမို့ မလုပ်ခိုင်းရက်။

One Step To You___{Completed}Where stories live. Discover now