“ ၀မ်ရိပေါ်ဘယ်မှာလည်း? ”
“ Xလမ်းက ဂိုထောင်မှာ ထားတဲ့ spare partsတွေကို customerနဲ့ ဆွေးနွေးပြီးရောင်းဖို့ ထွက်သွားပါတယ်ဘော့စ်”
“ နေပါအုံး ၊ သူ့ကားကို ငါအပြင်မှာတွေ့ခဲ့သလားလို့ ဘယ်သူနဲ့သွားတာလည်း ? ကုမ္ပဏီက ကားနဲ့လား?ဘယ်သူလိုက်ပို့တာလည်း?”
ရှောင်းက ကုမ္ပဏီရောက်ရောက်ချင်း meeting မလုပ်အားပဲ ရှောင်ကျိုးကိုခေါ်လို့တန်းမေးနေတာဖြစ်၏။
“ ကုမ္ပဏီက ကားနဲ့မဟုတ်ပါဘူး ဘော့စ်၊ customerရဲ့ကားနဲ့ပါ ”
“ဘာပြောတယ် customerရဲ့ကားဟုတ်လား? ”
ရှောင်းကစိတ်ရှုပ်ထွေးစွာ မျက်မှောင်ကုပ်သည်။
“Dinner ကိုလာတယ်လေ boss ၊ ခဲရောင် suit နဲ့ မျက်မှန်တပ်ထားတဲ့တစ်ယောက် ဥက္ကဌ ယန်ချီပင်ပါ ”
“အော်...သိပြီ ၊ သူက ဒီကုမ္ပဏီရဲ့ သီးသန့်ပါတနာဆိုလား? ဒါနဲ့ ယန်လုပ်ငန်းစုရဲ့သားက ဒီကိုအဲ့လိုပဲ မိုးလင်းလင်းချင်း လာနေကျတာလား ?၀မ်ရိပေါ်နဲ့ရော အဲ့လောက်ရင်းနှီးနေတာလား?”
ရှောင်းကျန့်စိတ်ထဲအလိုမကျ။ ၀မ်ရိပေါ်ကသူ့ကိုကျော်လို့လုပ်ချင်ရာလုပ်နေသည်။ ကိုယ့်ကားကိုထားခဲ့ပြီး သူများကားနဲ့လိုက်သွားနေရအောင်ထိ ဒင်းအတွက် ဒရိုင်ဘာရှားနေလို့လားမသိ။
“ ရင်းနှီးဆို တစ်တွဲတွဲနဲ့ပါ boss ရယ် ယန်သူဌေးက ဒီမှာ ဥက္ကဌကြီးရှိထဲက လာကူညီပေးနေတာလေ ။ လူငယ်ဆိုတော့လည်း ၀မ်သခင်လေးနဲ့ကပိုရင်းနှီးတာပေါ့ ၊ ဘယ်ကားအတွက် ဘာပစ္စည်းတွေ ထုတ်ဖို့ သူ့ဆီကအကြံဉာဏ်အများကြီးရတယ်။စက်ရုံကထုတ်တဲ့ပစ္စည်းအများစုကိုသူပဲယူတာလေ ”
“ကျစ်!အဲ့တာထားပါ။၀မ်ရိပေါ်ပြန်လာရင် ငါ့ကိုအရင်လာတွေ့ဖို့ပြောလိုက် !”
ရှောင်းကျန့်အသံကစိတ်မကြည်။သူအလုပ်ကို ကိုးနာရီထိုးရောက်တာတောင် ဟိုတစ်ယောက်မျက်နှာမမြင်ရ။လူက ဗိုက်ဆာလို့သေတော့မည်။ဒါနဲ့ ဟိုယန်ဆိုတဲ့ကောင်ကရော ဘာလို့များ သူများသက်ဆိုင်ရာကိုကားပေါ်ခေါ်တင်သွားသည်မသိ။လိုက်တဲ့လူကလည်းလိုက်သည်။တော်တော်လည်း ဟုတ်တဲ့ဟာတွေ။
![](https://img.wattpad.com/cover/288729833-288-k673489.jpg)
YOU ARE READING
One Step To You___{Completed}
Fiksi PenggemarZhanyi /Married life 🖤 Start 18/10/2021