၀မ်ရိပေါ်ဘာလုပ်နေလဲ ရှောင်ကျိုးကိုလိုက်ကြည့်ခိုင်းပြီးထဲက မတွေ့တာကြာတဲ့အပေါင်းအသင်းတွေနဲ့ ရှောင်းကျန့်ထိုင်နေတာဖြစ်သည်။ဟိုတစ်ယောက် က rest room ထဲမှာ ဟန်ဘာဂါစား juice သောက်ပြီးအနားယူနေသတဲ့။ အချိန်တွေကုန်ဆုံးလာသလို ဧည့်သည်တွေလည်း နှုတ်ဆက်လို့တရွေ့ရွေ့ပြန်ကြပြီဖြစ်သည်။ဒါပေမယ့် ရှောင်းတို့ဝိုင်းလေးကတော့ စကားကောင်းတုန်း။
"ရှောင်း မင်းတကယ်ရော အမွေကြောင့်လက်ထပ်ရတာဟုတ်ရဲ့လား ?"
ယန်လဲ့မင်က မေးလာလျှင် ရှောင်းကျန့်မျက်မှောင်ကုပ်ကြည့်သည်။
"ဘာကိုပြောချင်တာလည်း?"
" မေးချင်တာကအများကြီးကွာ၊ ဒီလောက်အထိ ပွဲကို အကုန်အကျခံစီစဉ်နေတာတွေ တကယ်တမ်းမင်းလက်ထဲကို အမွေတစ်ပြားတစ်ချပ်မှ မရောက်သေးဘူးမဟုတ်လား? ပြီးတော့ မင်း ၀မ်ရိပေါ်ကို အကြာကြီးနမ်းတာကရော ၊ငါတို့တွေဝိုင်းအော်လို့လို့မပြောနဲ့နော် သားကြီး !"
" အဟွန်း ၊ အဲ့တစ်ယောက်က ငါ့ဆီကအတင်းရုန်းကန်နေတာလေ ငါ့ကိုဆိတ်လည်းဆွဲတယ်။ သူကပဲရွံသလိုလုပ်ပြနေတာ မုန်းလို့!"
ဝိုင်တစ်ခွက်ကိုကောက်မော့ရင်း ပြောလာတဲ့ရှောင်းကျန့်ကပြုံးလို့။
ယန်လဲ့မင်နဲ့ ကျူးရှောင်လိ နှစ်ယောက်သားတစ်ယောက်ကို တစ်ယောက်မျက်စပြစ်ကြ၏။
ရှောင်းကျန့်နဲ့ သူတို့နှစ်ယောက်က အထက်တန်းအထိအတူတက်ကြတာဖြစ်သည်။ရှောင်းကျန့် အမေရိကထွက်သွားတော့လည်း သုံးယောက်သားအဆက်အသွယ်ကမပြတ်။သူတို့နှစ်ယောက်ကလည်းပြည်တွင်းမှာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေသလို ရှောင်းကျန့်ကလည်း အမေရိကမှာလုပ်ငန်းတစ်ခုအခြေချနေတာ အတော်လေးအဆင်ပြေနေတာဖြစ်သည်။