030

7K 323 60
                                    

" ဒါအဆင်ပြေပြီလား ?"

ဆိုဖာမှာ ခြေချိတ်ထိုင်နေတဲ့လူရှေ့ကို နောက်ထပ်လဲလာတဲ့အ၀ါရောင် summer  shirt လေးနဲ့ ဘောင်းဘီတိုအဖြူ လေးနဲ့လှည့်ပတ်ပြတော့ မျက်မှောင်ကကြုပ်လာသည်။

" နောက်တစ်စုံ"

" ဟာ ! အဆင်မပြေရင်မသွားတော့ဘူး၊ ဒါနဲ့ဆို ‌၀တ်ပြနေရတာ ကိုးစုံရှိပြီ၊ အ၀တ်အစားကြောင့် အပြင်မထွက်တော့ဘူးဆိုလည်းမထွက်တော့နဲ့ အရမ်းလွန်တာပဲ သူ၀တ်တာမဟုတ်တိုင်း"

ဒီနေ့ကသူတို့နှစ်ယောက်ရဲ့ first date..

အဘိုးဆီမှာထဲကဒီကိစ္စကိုရှောင်းက စီစဉ်လာတာ၊ ဒါပေမယ့်ဘေကျင်းပြန်ရောက်ရောက်ချင်း ရိပေါ်ခရီးပန်းပြီး ဖျားတာနဲ့ date လုပ်ဖို့ကချက်ချင်းအဆင်မပြေဘူး။ ရှောင်းက ရိပေါ်ကို တပတ်လောက်အိမ်မှာ အနားယူစေပြီးတော့ သူကိုယ်တိုင်က ကုမ္ပဏီကိုသွားတယ်။

ရိပေါ်နေကောင်းပြီဆိုတာနဲ့ date လုပ်ဖို့စီစဉ်တော့တာပဲ။မနေ့က စူပါမားကတ်က ၀န်ထမ်းတွေကိုယ်တိုင် ရိပေါ်ကိုယ်တိုင်းနဲ့အဆင်ပြေမယ့် အ၀တ်တွေအစုံသုံးဆယ်လောက်လာပို့သွားတယ်။
အကုန်လုံးက ရိပေါ်နဲ့ လိုက်ဖက်ပြီး အဆင်ပြေတဲ့၀တ်စုံတွေချည်း။
အဲ့တာကိုသူကကျ ဆိုဖာမှာအခန့်သားထိုင်ပြီး ရိပေါ်ကို နောက်တစ်စုံ နောက်တစ်စုံလာလုပ်နေတာ။

သူ့ဆီမကျေမနပ်တစ်ချက်ကြည့်ပြီး ဆိုဖာမှာ ခြေပြစ်လက်ပြစ်၀င်ထိုင်တော့ရယ်သံခပ်တိုးတိုးကထွက်လာသည်။

သိတယ် ‌သက်သက်အနိုင်ကျင့်မှန်း ဒီလူ။

" ဘေဘီရာ ၀က်ပေါက်လေးကျနေတာပဲ နှုတ်ခမ်းကြီးစူလို့၊ ဟမ်းးးး နမ်းခံချင်နေတာလား"

" စူမှာပေါ့ ခင်‌ဗျား သက်သက်အနိုင်ကျင့်နေတာကို လူယုတ်မာကြီး"

" ဘေဘီနော် ကြာလေရိုင်းလာလေပဲ၊ ကိုယ့်ကိုများခင်ဗျား ခင်ဗျားနဲ့ ၊ ကိုကိုလို့ခေါ်ဖို့ပြောထားတာမရဘူးလား? ဟွန့် ကိုယ်ကဖြင့်ဘေဘီလို့တောင်ခေါ်နေပြီ.."

အနားကပ်လာရင်း  ပုခုံးခေါ်မှီလာတဲ့မျက်နှာငယ်နဲ‌့ရှောင်းက သူပဲနစ်နာသူလိုလို...
သူ့ခေါင်းကို ရိပေါ်လည်တိုင်တွေကြားလိုက်တိုးဝှေ့နေတော့ ရယ်ချင်လာရသည်။

One Step To You___{Completed}Where stories live. Discover now