ဇာတ်လမ်းပါအကြောင်းရာများသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါသည်။
အဲကွန်းဖွင့်ထား၍အေးစိမ့်နေသည့်ကားအတွင်းပိုင်းတွင်ပျံ့လွင့်နေသည့်သီချင်းသံ။ထိုသီချင်းသံကိုကြည်နူးရွှင်ပျစွာလိုက်ဆိုညဉ်းနေသည့်
နူတ်ခမ်းညိုညိုတစ်စုံ။ထိုနူတ်ခမ်းညိုညိုတစ်စုံသည်မည်သည့်အရာကိုသဘောကျရဲ့တော့မသိ အတန်ငယ်ကွေးညွှတ်နေလေသည်။
ထိုနူတ်ခမ်းညိုတစ်စုံ၏ပိုင်ရှင်သည်ဖုန်းစကရင်ကိုစူးစိုက်ကြည့်ေနရင်းမှမျက်လုံးများကဟန်မဆောင်နိူင်အောင်ပင်အားရဝမ်းမြောက်နေလေသည်။ကားဘီးလှိမ့်ရာကိုလိုက်ပါလာရင်း ကားမှန်မှတဆင့်အပြင်ကိုငေးကြည့်မိရာမှ မီးပွိုင့်နံဘေးရှိပရိုဂျက်တာတွင်ပေါ်နေသည့်ပုံရိပ်ကြောင့်သဘောတကျအသံထွက်၍ပင်ခပ်ဟဟရယ်မိသွားသည်။"ဆရာမြတ် ဒီညေနစိတ်ကြည်နေတယ်"
"🎶Put your head on my shoulder 🎶
မှန်ထဲတွင်မြင်နေရသည့်သူ့၏ပုံရိပ်ကိုပြုံးလျက်ကြည့်ရင်း အရှေ့ခန်းရှိယဉ်မောင်းနေရာမှ
ဒရိုင်ဘာဖြစ်သူဆိုလာသည့်စကားကိုထိုသူပြန်မဖြေအားပဲ ပျံ့လွင့်နေသည့်သီချင်းသံကိုသာလိုက်လံဆိုညဉ်းရင်းဟက်ဟက်ပက်ပက်ပြန်ပြုံးပြလိုက်ကာခေါင်းကိုသာအဆက်မပြတ်ငြိမ့်ပြလိုက်သည်။"ဒါကြောင့်ဒီနေ့ရာသီဥတုသာယာနေတာကို
ဆရာမြတ်ပြုံးနေလို့""အဟက်"
ထိုဒရိုင်ဘာမှပြောရင်းဖြင့်ကားနောက်ခန်းသို့လှည့်ကြည့်လာကာ ပြုံးရယ်နေသောသူ့ကိုမျက်လုံးကြီးပြုတ်ထွက်မတတ်ကိုပြူးပြဲစိုက်ကြည့်လာလေသည်။သူနားမလည်နိုင်စွာပင် ဒရိုင်ဘာအားမေးဆတ်ပြကာ ဘာလဲဟူ၍နူတ်ခမ်းလူပ်ရုံသာမေးလိုက်သည်။
"ဆရာမြတ်အပြုံးရှာပါးတယ်လေ ဒါကြောင့်ရှားပါးမြင်ကွင်းမလို့အမှတ်တရဖြစ်အောင်မျက်လုံးထဲမှာဓာတ်ပံုရိုက်သွားတာ ဒီပံုရိပ်ကိုအမြဲတမ်းမှတ်မိနေရအောင်လို့ ချလပ် ချလပ်"
သူ့ကိုအသဲသန်မျက်လံုးကြီးပြံုးလျက်စိုက်ကြည့်ကာစစနောက်နောက်ဆိုလာသည့် သူ့ဒရိုင်ဘာကြောင့်ထိုသူ့အပြုံးများပျောက်ကွယ်သွားကာမျက်ခုံးများတန်းဆက်သွားခပ်ထေ့ထေ့တချက်ရယ်ကာ
YOU ARE READING
My handsome Prime Minister