18

3K 135 22
                                    

**လောကကြီးနဲ့အဆက်ပြတ်ကာလေဟာနယ်ထဲ မိုးသားများအဖြစ်တို့နှစ်ဦးမျောလွင့်သွားကြ**

**နှလုံးသားထဲထိန်းချုပ်မရ အချစ်ရဲ့ဆွဲအား ထူးဆန်းတဲ့တန်ခိုးများကတို့ကိုသယ်ဆောင်သွားကြ တိမ်လိုလွင့်မျောလိုက်တိမ်လိုပြိုလဲလိုက်**

ကားradioထွက်ပေါ်နေသည့်သီချင်းများကိုစိတ်လွတ်ကိုယ်လွတ်လိုက်အော်ဆိုနေသည့်ထိုကလေးကိုကြည့်ရင်းမြတ်မှာပါးစပ်မစိနိုင်တော့။အယ်လ်ကိုဟောဝင်ထား၍ခင့်၏မျက်နှာကလေးသည်သွေးရောင်သန်းနေပြီး မျက်လုံးများသည်အယ်လ်ကိုဟောအရှိန်ကြောင့်ရီဝေနေသည်။
မှန်ချထားသည့်ကားပြတင်းမှနေ၍ထွက်မိထွက်ရာများအော်ဟစ်ရင်းထိုကလေးသည်အပျော်ကြီးပျော်နေလေသည်။
ည11ကျော်ပြီဖြစ်၍လမ်းမ၌ကားများရှင်းလင်းနေသည်မှာမြတ်၏စိတ်ကြိုက်ပင်။

"လူကြီးမင်း အရှိန်တင်ပေး အရှိန်တင်ပေး လူကြီးမင်းအမြန်မောင်းပေးလို့"

"ဟုတ်ပြီရမယ်ဗျာ"

သွေးအတွင်းမှာအယ်လ်ကိုဟောဝင်ရောက်နေပြီဖြစ်၍ ‌ထိုကလေးသည်ဆိုးသွမ်းနေလေသည်။
လမ်းရှင်းနေသည့်ကတ္တရာလမ်းမကြီးပေါ်မှာ ကားအမြန်မောင်းပေးပါဟုမကြာခဏဂျီတိုက်ရင်းသူ့အလိုမလိုက်ရင်လဲ နှုတ်ခမ်းလေးကမြတ်ကိုထိုးမိတော့မည့်အလားပင်။လူကြီးမင်းကလဲဆိုတာနှင့်တင်ဒီကောင့်မှာမလွန်ဆန်ရဲတော့။
နှုတ်ခမ်းလေးထော်ထွက်လာကာ နှာခေါင်းလေးရူံ့၍လူကြီးမင်းကလဲဟုဂျီတိုက်သည့်အကြိမ်တိုင်းမြတ်မှာအသဲတွေအူတွေကြွေကျသွားသလိုပင်။
အခုလဲ ချက်ချင်းပင်ကားကိုအားရပါးရအရှိန်တင်လိုက်ကာအလိုလိုက်ပေးလိုက်သည်။

"ဟားဟား ဟား ပျော်စရာကြီး ဟက် ပျော်နေပြီ"

ပြတင်းပေါက်ကိုအဆုံးထိချထား၍ အပြင်ဘက်မှလေများသည်ကားအတွင်းသို့တရကြမ်းဝင်ရောက်လာပြီး လေသံတဝုန်းဝုန်းကြောင့်ကားအတွင်းမှသီချင်းသံကိုပင်သဲသဲကွဲကွဲမကြားရတော့။
ဆူညံနေသည့်လေတိုးသံတဝေါဝေါထဲမှ တချက်တချက်ထိုးထွက်လာသည့်ထိုကလေး၏ရယ်သံလွင်လွင်လေး။ထိုရယ်သံလေးများကိုမြတ်ဘယ်လောက်တောင်လွမ်းနေခဲ့ရသလဲ။မူးနေသည့်တချိန်မှာတော့ထိုကလေးသည်စိတ်လွတ်ကိုယ်လွတ်ဖြင့်ထွက်မိထွက်ရာများအော်ဟစ်ပြီးအခုလိုလေးရယ်မောနေတာမြင်ရတော့မြတ်လဲစိတ်ချမ်းသာနေသည်။
သူစိတ်ချမ်းသာလောက်သည့်အကွာအဝေးထိကားကိုအရှိန်ပြင်းပြင်းမောင်းခဲ့ပေးလိုက်ပြီးမှ ကားကိုမသိမသာတဖြည်းဖြည်းအရှိန်ပြန်လျှော့ရသည်။

My handsome Prime MinisterWhere stories live. Discover now