24

3.2K 148 39
                                    

"နောက်ကျနေပြီ နောက်ကျနေပြီ"

လက်တစ်ဖက်မှ tote bag ကိုဆွဲကိုင်ရင်းလှေကားပေါ်မှဝရုန်းသုန်းကားဖြင့်ခင်ပြေးဆင်းလာသည်။
အိပ်ရာထနောက်ကျ၍ အကုန်အလောသုံးဆယ်ဖြစ်ကုန်ကာ ရေကမန်းတကမ်းချိုးပြီးအဝတ်အစားလဲကာလှေကားပေါ်မှဒုန်းစိုင်းပြေးဆင်းလာသည်။
Bagကိုကြိုးကမဆွဲပဲ အိတ်ကိုယ်ထည်ကနေမကာလှေကားပေါ်မှကတိုက်ကရိုက်ပြေးဆင်းလာလေသည်။ကြိုးရှည်သည့် Tote bag များကိုလွယ်ရတာသဘောကျသည့်ခင်ဖြစ်၍ ကြိုးကတော်တော်လေးရှည်နေကာ ကြိုးကခြေထောက်နားမှာတရွတ်ဆွဲပါလာသည်။

နှစ်ခါစဉ်းစားစရာမလို။အောက်သို့တန်းလန်းကျနေသည့်ကြိုးကိုခြေမှာချိတ်မိရင်း ခင်လှေကားပေါ်မှအရှိန်လွန်ကာထိုးဆင်းကျသွားသည်။
ခင့်၏ခြေထောက်များကြမ်နှင့်လွတ်ထွက်သွားကာ ဟာကနဲဖြစ်သွားသောရင်နှင့်အတူ သူတော့တကယ်သေပြီဟူသည့်အသိကြီးဖြင့်ခင်မျက်လုံးတို့ကိုသာစုံမှိတ်ထားလိုက်မိသည်။
လှေကားကသုံးထစ်သာဆင်းရသေးပြီး အောက်မှာ15ထစ်မကကျန်နေသေး၍ဒီကပြုတ်ကျရင်သူအသက်ပါရှင်ပါ့မလားဆိုသည့်အတွေး စက္ကန့်ပိုင်းလေးအတွင်းခင်တွေးမိလိုက်သည်။

"ဒုန်း"

"သေပြီ အမလေး"

ထိုအခိုက်တွင် သူ့၏လက်ဖဝါးပေါ်သို့ကျရောက်လာသည့်အထိအတွေ့တစ်ခုနှင့်အတူ နောက်ပြန်ဆွဲအားတစ်ခုကြောင့်ခင့်၏ခန္ဓကိုယ်သည်ကံကောင်းထောက်မစွာရှေ့သို့ယိုင်ကျကာဒလိမ့်ကောက်ကွေးကျမသွားလိုက်ပေ။
ငါတော့ကျိုးပြီပဲ့ပြီဟုလုံးဝထင်မှတ်လိုက်သောခင်သည်ရင်တုန်ပန်းတုန်ဖြင့်အခုမှပင်ဟင်းချနိုင်ကာ ဘုရားတရားတလိုက်မိသည်။
ထိုအခိုက်တွင် လန်းဆန်းမွှေးကြိုင်သည့်ကိုယ်သင်းရနံ့တခုကြောင့်မော့ကြည့်စရာမလိုပဲ ဘယ်သူမှန်းခင်သိကိုသိသည်။
ထိုလူသည် ခင့်၏လက်အားမလွှတ်သေးပဲ ဆုပ်ကိုင်ထားရင်းဖြင့်ပင်

"ဘာလို့ Hurryဖြစ်နေရတာလဲ အဲ့လိုအမြန်ပြေးဆင်းလို့ပြုတ်ကျသွားရင်ဘယ်လိုလုပ်မှာလဲပြော ကိုယ်အချိန်မှီမထိန်းပေးထားမိနိုင်ခဲ့ရင်ဘယ်လိုလုပ်မလဲ တခုခုထိခိုက်သွားရင်ကိုယ့်ကိုကိုယ်အပြစ်တင်လို့ဆုံးမှာမဟုတ်ဘူး"

My handsome Prime MinisterWhere stories live. Discover now