ဆိတ်ငြိမ်တိတ်ဆိတ်နေသောညခင်း။ဒီလမ်းမပေါ်၌လူသွားလူလာကျဲနေပြီး ကားအသွားအလာကတော့ရှိသည်။နှစ်ယောက်ကြားဆိတ်ငြိမ်နေသည့်လေထုနှင့်အတူ ကားတစ်စီးလုံးတွင်ကက်ဆက်မှပျံ့လွင့်နေသည့်သီချင်းသံတိုးတိုးလေးသာရှိသည်။ခင်သည်ကားသွားရာလမ်းဘေးရှိလမ်းမီးတိုင်များမှဝါကျင့်ကျင့်မီးရောင်များကိုလိုက်လံငေးကြည့်ရင်း ကိုကို့ဆီမှစကားတခွန်းတစများကြားရမလားဟုနားစွင့်နေမိသည်။
ခင် တချက်တချက်သော၏ဘက်သို့မသိမသာလှမ်းကြည့်မိတော့ သောသည်အရှေ့ကိုသာတည့်တည့်ကြည့်၍ကားကိုတစိုက်မတ်မတ်မောင်းနေလေသည်။အယ်လ်ကိုဟောဝင်ထား၍သော၏မျက်နှာသည်နီဖြန်းနေပြီး မျက်လုံးများမှေးစင်းနီရဲ၍ခပ်ထွေထွေဖြစ်နေလေသည်။Barမှစထွက်လာသည့်အချိန်မှစ၍သောသည်ဘာစကားတခွန်းမှမဟတော့။
မထုံတတ်သေးမျက်နှာပေးနှင့် မျက်နှာထားကမာကြောနေသည်။နောက်ဆုံးတွင်တော့ခင်ပဲမနေနိုင်တော့၍ငြိမ်သက်နေသောလေထုကိုစတင်ဖြိုခွဲလိုက်သည်။"ကိုကို"
"ကိုကိုရေ ကိုကိုလို့"
"ပြောပါလား နားထောင်နေတယ်"
မြတ်သောသည်သူ့ဘက်သို့တချက်လှည့်ကြည့်မလာပဲအရှေ့ကိုသာတစိုက်မတ်မတ်ကြည့်၍ဆိုလာသည်။
သော၏မျက်ခုံးတို့သည်အလိုမကျ၍တွန့်ကွေးသွားပြီး မျက်နှာထားကပို၍မာကြောလာသည်။"ခင့်ကိုစိတ်ဆိုးနေတာလား"
"ဟုတ်တယ်"
"အကြောင်းရင်းပြောပြလေ ခင်ဖြေရှင်းပေးမယ်"
သောသည်ခင့်၏စကားကိုဘာမှမတုံ့ပြန်ပဲနူတ်ခမ်းတို့ကိုတင်းတင်းစေ့၍ထားသည်။သူမေးသည်ကိုပြန်မဖြေသည့်သောကြောင့်ခင်စိတ်မရှည်စွာသော၏လက်မောင်းအားကိုင်ဆွဲ၍ချွဲနွဲသည့်လေသံလေးဖြင့်
"ကိုကို ပြောပါလို့ ဘာစိတ်ဆိုးအောင်လုပ်မိလဲပြောပြလို့ကိုကိုကလဲ"
"L*eပဲ ကားမောင်းနေတယ်ဟ လက်ကိုလွှတ်"
မာမာထန်ထန်ဖြင့်ငေါက်လိုက်သောလေသံကြောင့်ခင့်မှာဆွဲကိုင်ထားသည့်လက်လေးအားအသာယာလွှတ်ပေးလိုက်ရသည်။
ကိုကိုကအော်လိုက်၍ခင့်၏နှလုံးသားလေးအနည်းငယ်နာကျင်သွားရသည်။သို့သော်လဲအပြုံးမပျက်ပင်ကိုကို့၏
လက်မောင်းပေါ် မေးတင်၍ကြောင်ပေါက်လေးတကောင်လိုကပ်တွယ်နေသည်။ကိုကိုမူးနေရင်စိတ်ထဲကမပါသည့်စကားကြမ်းများကိုပြောတတ်တာခင်သိသည်။
BINABASA MO ANG
My handsome Prime Minister