"ဒါလေးဘယ်လိုနေလဲဟင်"
ငွေမှင်ရောင်ဖဲသားdressအားသူ့ခန္ဓာကိုယ်တွင်ကပ်ကြည့်ရင်းမျက်နှာကိုမော့၍ မိမိကိုယ်ကိုယုံကြည်မှုအပြည့်ရှိသည့်ဟန်ဖြင့်ခပ်ဝင့်ကြွားကြွားဆိုလာသည့်မိုးထက်ပန်းတိမ်။ဆိုင်အတွင်းကိုငေးစိုက်ကြည့်နေကာသူ့အမေးကိုမကြားလိုက်တာလား မကြားဟန်ပြုသည်လားတော့မသိ အရေးမစိုက်သည့်ဟန်ဖြစ်နေသောဦးမြတ်သုခ၏မျက်နှာထားကြောင့်ပန်းတိမ်စိတ်ကွက်သွားရသည်။
"ဒီမှာရှင့် ဦးမြတ်သုခ ဒီမှာ"
သူနောက်တကြိမ်လေသံကိုအနည်းငယ်မြှင့်၍ပိုင်စိုးပိုင်နင်းဆန်စွာလက်မောင်းကိုခပ်ဆတ်ဆတ်ရိုက်လိုက်မှသာထိုအမျိုးသားသည်သတိပြန်ကပ်လာသည်။ချက်ချင်းပင် ပန်းတိမ်ရိုက်လိုက်သည့်နေရာအားဦးမြတ်သုခကဖုန်ခါသလိုမျိုး ညစ်ပတ်တာနှင့်ထိတွေ့လိုက်ရ၍ပြန်သန့်ရှင်းသလိုမျိုးခါလိုက်မိသည်။
သူ့အပြုအမူကြောင့်ပန်းတိမ်၏မျက်နှာရဲခနဲဖြစ်သွားရကာ ဒေါသကထောင်းခနဲထွက်သွားရပြန်သည်။
ဆတ်ဆတ်ထိမခံတတ်သူပိီပီဒီလူကဘာအချိုးချိုးတာလဲဆိုပြီးပန်းတိမ်ရန်ရှာပစ်လိုက်ချင်သော်လဲတဖက်လူကမြတ်သုခဖြစ်နေ၍စိတ်ကိုအတင်းလျှော့ချထားရသည်။
မြတ်သည်လဲထိုကျမှသူဘာလုပ်မိတယ်ဆိုတာသတိထားမိသွားဟန်ရှ်ိပြီးမျက်နှာကအားတုံ့အားနာဖြစ်သွားသည်။"ဒီမှာစိတ်နဲ့လူနဲ့ရောကပ်ရဲ့လား"
"ကပ်ပါတယ်ဗျ ကျွန်တော်တချက်လေးစိတ်လွင့်သွားလို့ပါ ဘာပြောလိုက်တာလဲမသိဘူး"
"ဘယ်လိုနေလဲလို့"
ထိုအခါမှပန်းတိမ်သည်လက်ထဲမှာကိုင်ထားသည့်အကျီအားခန္ဓာကိုယ်တွင်ကပ်ပြလိုက်ရင်းမေးသည်။
သူ့၏အမေးကိုမြတ်အသာခေါင်းငြိမ့်ပြလိုက်ကာ မျက်ခုံးပင့်သက်ပြလိုက်ပြီး"လိုက်ပါတယ် မင်းနဲ့လှပါတယ်"
"အသားရောင်မမှိန်သွားဘူးလား"
"ဟင့်အင်း လိုက်တယ်"
ထိုအခါပန်းတိမ်သည်အဝတ်တန်းထဲမှအစောနကသူကြည့်ထားသည့်အရောင်ကွဲအကျီတထည်အားထပ်ဆွဲယူထုတ်လိုက်သည်။ထိုအရောင်ကတော့ရွှေရောင်ဖြစ်သည်။ပန်းတိမ်ဝတ်စုံနှစ်စုံအားယှဉ်ကိုင်ပြရင်းမြတ်ဘက်သို့လှည့်၍
YOU ARE READING
My handsome Prime Minister