"ကိုကို"
"ကိုကို အဲ့ဒီဖုန်းကိုအခုချထားလိုက်တော့နော် ခင်သိပ်မကြည်တော့ဘူး"
မျက်နှာချင်းဆိုင်ထိုင်နေတာတောင်မှဖုန်းစခရင်ကိုကြည့်၍ပြုံးဖီးနေသောမြတ်သောလက်ထဲမှဖုန်းအားခင်ဆွဲယူကာဖွင့်လက်စဖုန်းကိုလှမ်းယူကြည့်လိုက်သည်။
ပြောလက်စ conversation များကြောင့်ခင့်မျက်နှာမှာအလိုမကျမှုနှင့်အတူသုန်မှုန်သွားတော့သည်။
အရှေ့သို့စူထွက်လာသောနူတ်ခမ်းလေးနှင့်အတူ ကျုံ့ကွေးသွားသောခင့်၏မျက်ခုံးတို့ကြောင့်မြတ်သောမှာခပ်လန့်လန့်ဖြင့်သွားဖြဲပြနေမိသည်။"ကိုကိုနော်"
"ဟိုဟာ အဲ့ဝာာက.."
"ကိုကိုနော်!!!
Message boxမှ conversation အချို့အားလိုက်လံ checkလုပ်ကြည့်ပြီး ကျားမျက်စောင်းနှင့်အတူခင်သည်မြတ်သောအားမကျေမနပ်ကြည့်လိုက်သည်။
မြတ်သောမှာခြေလက်ခါရမ်းလျက်မဟုတ်ကြောင်းရှင်းပြရန်ကြိုးစားနေသည်။
မြတ်သောမှာတလောကလုံးတွင်ကိုကိုနော်ဟူသည့်အပြောကိုအကြောက်ရဆုံး။
ကိုကိုနော်ဟူသည်နှင့်အခြေအနေကသိပ်မဟန်တော့။"ကိုကို!!
"ဗျာ ဘေဘီ"
"မိုးသက်ဝဿန်ကဘယ်ကဟာမတုန်း ဘာလို့သူက
ကိုကို့ကိုသောလို့ခေါ်နေတာလား မှန်း ကြည့်စမ်း ကြည့်စမ်း Darling လို့ပါခေါ်ထားတာ ဟာ ကိုကိုနော်""ကိုကိုမနော်ပါနဲ့ တလောကလုံးမှာအဲ့ဒီကိုကိုနော်ဆိုတာကိုအကြောက်ဆုံး"
ခင်သည်စားပွဲကိုလက်ဖြင့်ခပ်ပြင်းပြင်းတချက်ရိုက်လိုက်ကာ မြတ်သော၏ဖုန်းအားစားပွဲပေါ်သို့ဆောင့်ချလိုက်သည်။"အမလေး ကိုကို့ဖုန်းလေးကုန်ပါပြီ"
"ကုန်ပါစေ အခုပြောလို့ အဲ့ဟာမကဘယ်သူလဲ ပြီးတော့အောက်က ယွန်းငယ်ဆိုတာရယ် သဲတုန်ဆိုတာကရောလို့!!
မြတ်သောမှာသူ့အပြစ်သူနှင့်သူဖြစ်၍ စပ်ဖြဲဖြဲနှင့်ပင်ဆံပင်များကြားလက်ထိုးထည့်၍ မချိသွားဖြဲလုပ်နေသည်။
"ပြောလို့!!
"ယွန်းငယ်ကဟိုတလောကရောက်လာတဲ့လေယာဉ်မယ်ကွာ သဲတုန်ကလိုင်းပေါ်မှာဒီတိုင်းအီစီကလီလုပ်တာ ကိုကိုကျိန်ရဲတယ် ကိုကိုသူနဲ့တခါမှတောင်မဒိတ်ရသေးဘူး ဘေဘီသိရဲ့သားနဲ့ကိုသူတို့ကကိုကိုပျင်းလို့အပျော်ထားထားတဲ့လူတွေပါ "
YOU ARE READING
My handsome Prime Minister