5

4.2K 125 24
                                    

(သူတို့ conversation ကို အရသာမပျက်ဖို့ကိုယ်မြန်မာလိုပဲရေးပါမယ်)

"မဒမ် ကော်ဖီလားလက်ဖက်ရည်လား"

"လက်ဖက်ရည်"

မဂ္ဂဇင်းစာအုပ်ကိုဖတ်နေ‌သည့်အမျိုးသမီးသည် သူ့မဂ္ဂဇင်းကိုအောက်သို့လျှောချမလာပဲမြတ်သော၏အမေးကိုပုံမှန်လေသံအတိုင်းဖြေလိုက်သည်။ထိုအမျိုးသမီးသည် Timeမဂ္ဂဇင်းကိုဖတ်နေပြီးသူ့မျက်နှာသည်မဂ္ဂဇင်းဖြင့်ကွယ်နေသည်။
သူ့မျက်နှာဘယ်လိုရှိလဲမြတ်သောမသိရပေ။

"မဒမ် လက်ဖက်ရည်ရပါပြီ"

"အိုကေ"

မြတ်သောထံမှစကားသံထပ်ကြားလာရမှ ထိုအမျိုးသမီးသည်သူဖတ်နေသည့်မဂ္ဂဇင်းကိုအောက်သို့လျှောချလိုက်သည်။
လက်ဖက်ရည်ကမ်းပေးလာသည့်လေယာဉ်မောင်အားတချက်မော့ကြည့်လိုက်မိသည်။
သူ့အားမော့ကြည့်လာသည့်အမျိုးသမီးကို မြတ်သောသူ့တာဝန်အတိုင်းပင်အပြုံးမျက်နှာနှင့်တုံ့ပြန်လိုက်သည်။

"မဒမ် မြေပဲကွတ်ကီးယူအုန်းမလား"

"တော်ပြီ ကိုယ်ကမြေပဲနဲ့ဓာတ်မတည့်ဘူး"

"ကျွန်တော်တို့ဆီမှာချောကလက်ကွတ်ကီးလဲရှိပါတယ် သုံးဆောင်ချင်ပါသလား"

"ကိုယ်လိုချင်တယ်"

မြတ်သောသည်လက်တွန်းလှည်းပေါ်မှကြိုတင်ပြင်ဆင်ထားသည့်ကွက်ကီးဗန်းထဲမှ ကွက်ကီးချပ်များကိုပန်းကန်ပြားထဲတွင်ထည့်ကာထိုဧည့်သည်အမျိုးသမီးရှေ့သို့ချပေးလိုက်သည်။

"မဒမ် လိုတာရှိရင်ပြောပါဗျ"

ပြောရင်းဖြင့်သောသည် အရှေ့မှခရီးသည်များဆီသွားရောက်ဝန်ဆောင်မှုပေးရန်စားစရာနှင့်ပန်းကန်ခွက်ယောက်များထည့်ထားသည့်လက်တွန်းလှည်းလေးကိုတွန်းရန်ဟန်ပြင်လိုက်သည်။ထိုအခိုက်

"ရိုင်းတယ်မထင်ရင် မင်းအသက်ဘယ်လောက်လဲသိလို့ရမလား"

"ကျွန်တော်လား??

"အင်း"

ရုတ်တရပ်သူစိမ်းအမျိုးသမီးကသူ့အသက်ကိုမေးလာ၍သောကြောင်စီစီဖြစ်သွားသည်။
စိတ်ထဲတွင်လဲအနည်းငယ်သက်တောင့်သက်သာမရှိဖြစ်သွားရသည်။

My handsome Prime MinisterWo Geschichten leben. Entdecke jetzt