22

3.5K 172 35
                                    

မျက်လုံးဖွင့်ဖွင့်ချင်း ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်မှုနှင့်အတူ ကိုက်ခဲနေသောခန္ဓာကိုယ်ကြောင့်ခင်ငြီးတွားလိုက်မိသည်။
နိုးနိုးချင်း၌မနေ့ညကအကြောင်းအရာများအားပြန်တွေးမိရင်း ခင်သူ့၏ပါးစပ်ကိုလက်ဖြင့်ကာရင်းရှက်ကိုးရှက်ကန်းဖြင့်ကိုယ်ပေါ်မှစောင်အားမျက်နှာထိလုံအောင်ဆွဲခြုံလိုက်မိသည်။
စောင်ပုံအောက်မှမိမိကိုယ်မိမိပြန်ကြည့်လိုက်သောအခါ ညတုန်းကအဝတ်ဗလာဖြင့်အိပ်ပျော်သွားသည့်သူ၏ခန္ဓာကိုယ်သည်အဝတ်ကပ်လျက်ရှိသည်။

"ရှက်လိုက်တာ သေပါပြီ သေပါပြီ"

ခင်ဘယ်လောက်တောင်အိပ်ပျော်သွားခဲ့လဲမသိ။ပထမဆုံးအကြိမ်လဲဖြစ်၍ ခင့်၏ခန္ဓာကိုယ်သည်မနေ့ညကတော်တော်လေးနွမ်းနယ်သွားခဲ့သည်။
သူ့အားထိုလူကပင် သန့်ရှင်းရေးလုပ်၊အဝတ်တွေပြန်ဝတ်ပေးသွားခဲ့တာကိုတွေးမိပြီးခင်အငွေ့ပျံသွားချင်လောက်အောင်ရှက်နေမိသည်။
အိပ်ခန်းအတွင်း၌မြတ်ရှိမနေပေ။သူ့မျက်နှာကိုကြည့်ဖို့အရေးကိုတွေးရင်း ခင်ထွက်ပြေးချင်လာသည်။

ထိုအခိုက်မှာပင်အခန်းတံခါးခေါက်သံနှင့်အတူ ကိုယ်ဝင်လာပါရစေဆိုကာ ပွင့်လာသောတံခါးနှင့်မြတ်၏အပြုံးသည်ထွက်ပေါ်၍လာသည်။ခင်ချက်ချင်းပင်အကြည့်လွှဲ၍ မျက်လုံးချင်းမဆုံပဲမဆီမဆိုင်အခန်းထောင့်မှဗီရိုအားစိုက်ကြည့်နေလေသည်။

"Good Morning ကလေး နိုးပြီလား"

"Morning"

"ဗိုက်ဆာနေပြီလား"

"မဆာဘူး"

စူစူပုတ်ပုတ်ဖြစ်နေသည့်ခင့်၏မျက်နှာလေးကိုကြည့်ကာဘာကိုအလိုမကျ‌ဖြစ်နေတာလဲဟုမြတ်တွေးရခက်နေသည်။
မြတ်တောင့်တခဲ့ရသည့်ဒီလိုမနက်ခင်းများမှာလက်တွေ့ရောက်ရှိ၍လာခဲ့ပြီ။မျက်လုံးဖွင့်ဖွင့်ချင်း ချစ်ရသူ၏မျက်နှာလေးကိုပထမဆုံးမြင်ရသည့်နေ့ရက်လေးများကို ထာဝရပိုင်ဆိုင်သွားရတော့မှာမြတ်မှာအခုထိအိမ်မက်လားလက်တွေ့လားမသဲကွဲသေးပေ။
မျက်စိရှေ့မှထိုကလေးအား သူဘာလို့ဒီလောက်တောင်ချစ်မိသွားလဲသူမတွေးတတ်တော့ပေ။
ပြန်တွေးကြည့်တော့လဲ သူ့၏ဘဝကိုအဓိပ္ပာယ်ရှိစေခဲ့၍ဖြစ်သည်။

My handsome Prime MinisterWhere stories live. Discover now