4

4.2K 134 26
                                    

နေသာသောနေ့တစ်နေ့။တိမ်စိုင်ဖွေးဖွေးတို့ကကြည်လင်ပြာလဲ့နေသောကောင်းကင်ကြီးပေါ်မှာလေနှင်ရာသို့ရွေ့လျားနေကြသည်။
လေအဝှေ့မှာတချက်တချက်ရသည့် စံပယ်ပန်းရနံ့တို့ကပင်ယနေ့မှပိုမွှေးနေသလို။
လေအဝှေ့မှာအတူပါလာသည့် နီညိုရောင်သစ်ရွက်ခြောက်တို့ကပင်ကဗျာ‌ဆန်နေသယောင်။
သိပ်ကိုရာသီဥတုသာယာလွန်းသည့်ဒီလိုနေ့မှာ အညိုရောင်နူတ်ခမ်းတစ်စုံသည်ဖုံးဖိမရအောင်ပြုံးလျှက်ဖြင့် မျက်ဝန်းတို့မှာလဲကြည်နူးနေသည့်အရိပ်ယောင်များယိုဖိတ်နေသည်ကိုဖုံးကွယ်၍မရ။

လက်တစ်ဖက်ကဖုန်းကိုကိုင်ကာနားမှာကပ်ထားပြီး ပြုံးပျော်နေသည့်မြတ်၏ပုံစံမှာအထူးဆန်းဖြစ်နေသည်။
အမြဲတမ်းတင်းတင်းစေ့ထားတတ်သည့်နူတ်ခမ်းညိုညိုတို့ကထူးထူးခြားခြားနှစ်ခြိုက်စွာပြုံးနေသည်မှာရှားပါးလှသည့်မြင်ကွင်းပေမို့အထူးဆန်းဖြစ်နေလေသည်။
တစ်ဖက်ဝိုင်းမှနေ့လယ်စာကိုမြိန်ရေရှက်ရေစားသောက်နေကြသည့်ကိုယ်ရံတော်အဖွဲ့က ခပ်လှမ်းလှမ်းမှမြတ်ကိုကြည့်ကာ ခပ်ကြိတ်ကြိတ်လေသံဖြင့်

"ဘယ်လိုလဲ ဆရာသမားကဒီနေ့ပြုံးဖီးနေပါလား ငါကသူ့ကိုမပြုံးတတ်ဘူးထင်နေတာ"

"အွန်းနော် ကိုမြတ်ပုံစံကစက်ရုပ်နဲ့ပိုတူတယ် သူ့ခေါင်းထဲမှာ scheduleတွေပဲရှိတာ သူများထက်သာအောင်ဘယ်လိုလုပ်မယ် ဘယ်ဟာပြီးရင်ဘာလုပ်မယ် ဘယ်သူ့ကိုဘယ်လိုဆူမယ် အော်မယ် သူကိုယ်တိုင်လဲအဖေမဆူအောင်ဘယ်လိုနေမယ်"

ကိုယ်ရံတော်အဖွဲ့ခေါင်းဆောင်တေဇထွန်းသက်၏စကားကြောင့်သူတို့တဝိုင်းလုံးပွဲကျသွားသည်။သူတို့၏ရယ်သံကလူရှင်းနေသည့်ဆိုင်ထဲတွင်ဟားခနဲတချက်လွင့်ပျံသွားသည်။
သူတို့အတင်းပြောနေကြသည့် ပုဂ္ဂိုလ်ကသူတို့ရယ်သံကြောင့် သူတို့ရှိရာသို့ဖြတ်ခနဲကြည့်လာလေသည်။သူ့အကျင့်အတိုင်းမျက်နှာသေဖြင့်သူတို့ဘက်လှည့်လာသောဆရာမြတ်ကြောင့်ကိုယ်ရံတော်တအုပ်မှာခပ်ကုပ်ကုပ်ဖြင့်ငြိမ်သွားရသည်။
ထို့နောက် မြတ်ကအရေးတယူမရှိသည့်ဟန်နှင့်ပင် သူတို့ကိုကြည့်သည့်အကြည့်နှင့်ကွာခြားလွန်းသည့် ချစ်ရည်ရွှန်းလဲ့နေသည့်မျက်ဝန်းတို့ဖြင့်သူ့ဟာသူဖုန်းဆက်ပြောနေတော့သည်။

My handsome Prime MinisterWhere stories live. Discover now