"တုံတုံရေ အနောက်ဖေးကိုလာပါအုန်း ဒီမှာမုန့်ဗန်းလာသယ်အုန်း"
"ဟုတ် လာပြီ"
ဧည့်ခန်းအတွင်းရှိ သင်ဖြူးဖျာအပေါ်၌လက်ဖက်ပန်းကန်နှင့်ရေနွေးကရားကိုစီချနေသည့်ခင်သည်မေမေ့ခေါ်သံကြောင့်အိမ်နောက်သို့ခပ်သုတ်သုတ်လိမ့်ရပြန်ပါသည်။မေမေကမ်းပေးလိုက်သည့် မုန့်ဗန်းအတွင်း၌ဆနွင်းမကင်း၊ကျောက်ကျော၊ဘိန်းမုန့်စသည့်မြန်မာမုန့်များနှင့်အတူ သစ်သီးပန်းကန်တချပ်ပါဝင်သည်။ခင်မုန့်ပဲသွားရေစာများအားအစီအရီခင်းကျင်းထားလိုက်သည်။မြန်မာ့ဓလေ့ထုံးတမ်းမှာဆိုလျှင် တောင်းရမ်းစေ့စပ်ပွဲ၌ဧည့်သည်များအားဧည့်ခံကျွေးမွေးရသည့်စရိတ်ကိုသတို့သားဘက်ကသတို့သမီးအိမ်ကိုကြိုတင်ပေးထားရသည်။သို့သော်ခင်တို့အတွက်တော့အလျင်စလိုညတွင်းချင်းတောင်းရမ်းစေ့စပ်ရသည်ဖြစ်ရာ ထိုကဲ့သို့ကိစ္စတွေအတွက်အချိန်မရခဲ့ပေ။
မေမေသည်မနေ့ညနေကတော့ ခင်လက်ထပ်ဖို့အရေးကိုအားမပေးသလိုခပ်တန်းတန်းဖြစ်နေသော်လည်း သမီးဖြစ်သူမျက်နှာမငယ်ရဖို့မနေ့ညကညဉ့်ဦးယံအထိအိမ်ကိုသန့်ရှင်းရေးလုပ်နေပြီး ဧည့်သည်များအတွက်စားသောက်စရာကိုလဲသူ့ဟာနှင့်သူအမယ်စုံအောင်ပြင်ဆင်ပေးလေသည်။
အလျင်စလိုပြင်ဆင်လိုက်ရသည့်စေ့စပ်ပွဲဖြစ်၍ခင်တို့ဘက်ကတော့ရပ်မိရပ်ဖနှင့်ရပ်ရွာလူကြီးကိုဖိတ်ကြားထားသည်။မြတ်တို့ဘက်ကတော့မသိရသေးပေ။ဦးအောင်သည်လည်းမနေ့ညကတအိမ်လုံးကိုသန့်ရှင်းရေးလုပ်ပြီးမနက်နိုးနိုးချင်းလဲပစ္စည်းပစ္စယများအားဟိုသယ်ဒီရွှေဖြင့်တက်ကြွစွာလုပ်အားပေးနေသည်။
အခုလည်း ပုဆိုးနှင့်လည်ကတုံးကိုကျော့ကော့အောင်ဝတ်ဆင်ပြီးထားတာတောင် အိမ်ရှေ့မှပန်းအိုးများကိုဟိုနေရာမဒီနေရာမှနှင့်စိတ်တိုင်းမကျနိုင်အောင်ဖြစ်နေ၍ ခင့်မှာခါးနာလိမ့်မည်ဆိုကာအတင်းတားယူထားရသည်။"လှလိုက်တာ ငါ့သမီးလေး အော် ဒီနေ့ဒီအချိန်တောင်ရောက်လာပြီပဲ"
ရုတ်တရပ်မေမေသည်လှေကားရင်းမှာရပ်နေသည့်ခင့်၏နံဘေးသို့လာရောက်ပြီး ခင့်၏လက်ဖဝါးငယ်ကိုဆုပ်ကိုင်ကာခင့်၏မျက်နှာအားရွှန်းရွှန်းစားစားစိုက်ကြည့်လာသည်။ခင့်၏ပါးပြင်လေးအားလက်ဝါးဖြင့်အုပ်ကိုင်ရင်းပြုံးလျက်ကြည့်နေသည်။
YOU ARE READING
My handsome Prime Minister