မြတ် လူနာကုတင်ဘေးမှာထိုင်နေရင်းဖြင့်ယခုထိသတိပြန်မလည်လာသေးသောခင့်၏လက်ဖဝါးလေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ခင်သတိမလည်သေးတာ72နာရီကျော်နေပြီဖြစ်သည်။တလျှောက်လုံး မြတ် ခင့်၏အနားမှာမခွာနိုင်ပဲစောင့်နေရင်းဖြင့်ဘယ်တော့များသတိပြန်လည်လာမလဲဟုအရိပ်တကြည့်ကြည့်စောင့်ကြည့်နေမိသည်။
ဆေးရုံရောက်ပြီး3ရက်မြောက်နေ့ကိုရောက်နေတာတောင် သူ့ကလေးသည်ယခုအထိသတိမလည်သေးပေ။မြတ်ခင့်၏လက်ဖဝါးလေးအားဆုပ်ကိုင်ရင်းဖြင့် မျက်နှာပေါ်မှပွန်းပဲ့ရာလေးများအားတို့ထိနေရင်းဖြင့်စိတ်မကောင်းစွာကြည့်နေမိသည်။"သတိပြန်ရပါတော့ကွာ သတိရလာပြီးလူကြီးမင်းကလဲဆိုပြီးရန်တွေ့မယ့်မင်းနှုတ်ခမ်းချွန်ချွန်လေးကိုလွမ်းလှပြီ"
မြတ် ခင့်၏လက်ဖဝါးလေးအားသူ့မျက်နှာမှာဖိကပ်ထားရင်းဖြင့် ယောင်္ကျားတန်မဲ့စို့တက်လာသောမျက်ရည်စက်များကိုပြိုဆင်းမသွားစေရန်မျက်တောင်များကိုအနားမပေးမိတော့ချေ။
ပါရဂူကြီးများကတော့ အသက်အန္တရာယ်မရှိဘူးလို့ပြောသော်ငြားလည်း ယခုအထိသတိမလည်လာသေး၍ကိုမာဝင်သွားမည်ကိုဝိုင်း၍စိတ်ပူနေရသည်။
Operationမှာလဲဘာပြဿနာမှကြီးကြီးမားမားမရှိခဲ့ပေမယ့် ယခုထိတိုင်သတိမလည်နိုင်သေးသောခင့်ကြောင့်မြတ်၏စိတ်တို့ဆောက်တည်ရာမရတော့ပေ။ခင်သာပြန်နိုးထမလာခဲ့ရင်ဘယ်လိုလုပ်မလဲ။ခင့်ကိုသူအပြီးတိုင်လက်လွှတ်လိုက်ရရင်မြတ်၏ကမ္ဘာကြီးလဲပြိုသွားရလိမ့်မည်။အမြဲတစေအဝေးကနေသာ ငေးကြည့်လာခဲ့ရသည့်ပုံရိပ်ဖြူလျလျလေးအား သူ့မှာယခုမှအနားရှိခွင့်ရ၍ပျော်လို့ပင်မဝသေးပေ။
ထိုပုံရိပ်ငယ်လေးကိုသူဘယ်တုန်းကမှမူပိုင်ခွင့်မရခဲ့ပေ။ထိုကလေးသည်အနီးနားရှိနေသော်လည်း အမြဲတစေမြတ်ကိုသူ့၏အဝေးကိုသာတွန်းထုတ်ပစ်နေခဲ့သည်။မြတ်ထံပါးမှအချိန်တိုင်းထွက်ပြေးနေခဲ့သည်။ယခုမှသူ့နှင့်ထိုကလေးကြားတွင် ကာခြားထားသောတံတိုင်းကြီးများအနည်းငယ်ယိုယွင်းကာစရှိသေးသည်။သူတို့ချင်းကြား နီးကပ်လုရုံလေးသာရှိသေးသည်ဆိုကာမှ ခင့်ဘက်ကဒီလိုလွယ်လွယ်ထွက်သွား၍မဖြစ်ပေ။

CITEȘTI
My handsome Prime Minister
Dragosteကိုကိုလို့ခေါ်သံချိုချိုလေးသည်မြတ်အတွက်နားထဲသံရည်ပူလောင်းချလိုက်သလိုပူလောင်လှသည်။ ဟိုကောင့်ကိုကျကိုကိုတဲ့လား ကလေးလေးရယ်။ ဒီကောင်ကဘယ်လိုခံစားရမလဲ။