"ငါကြည့်လို့အဆင်ပြေလား"
"အမလေးဗျာ ဘယ်နှခါပြောရမှာတုန်းပြေပါတယ်လို့ဆိုနေစိတ်ကမရှည်ချင်တော့ဘူး"
ကားအတွင်းမှမှန်ကိုကြည့်ရင်း သူ့ဆံပင်ကိုသူအခေါက်ပေါင်းများစွာပြုပြင်ရင်း ဒီနေ့သူကြည့်ကောင်းလာဟူသည့်မေးခွန်းကိုသာထပ်တလဲလဲမေးနေသည့်မြတ်ကြောင့်သူရစိတ်ညစ်လာသည်။ဒီလောက်ကြည့်ကောင်းနေတာလဲသူ့မှာမလုံလောက်သေး။သူ့ကိုသူတသသနှင့် ကြည့်ကောင်းပြီးရင်းကြည့်ကောင်းချင်နေသည်။
"ငါသူနဲ့ယှဉ်ရင်တအားအိုတဲ့ရုပ်ပေါက်နေလား"
"ရုပ်ကအရှ်ိအရှိအတိုင်းထွက်မှာပေါ့ဗျာ ဒီအသက်ဒီအရွယ်ပဲရောက်နေပြီခုမှတော်တော်ငယ်ချင်နေတယ်"
မြတ်နှင့်သူရ ထိုကလေး၏လမ်းထိပ်၌သူထွက်အလာကိုကားပေါ်၌စောင့်၍နေကြသည်။
ထိုကလေးကိုမိမိ၏မိသားစုနှင့်ပထမဆုံးအကြိမ်တွေ့ဆုံပေးရမည်ဖြစ်၍ မြတ်၏ရင်အတွင်း၌အဆင်မပြေမှာ၊ဖခင်ဖြစ်သူကမိမိမြတ်နိုးရသူအားမချေမငံဆက်ဆံမည်ကိုလဲတွေးပူနေမိသည်။သို့သော် မြတ်ထိုသို့ဖြစ်ခွင့်ပေးမည်မဟုတ်။သူတယောက်လုံးရှိနေ၍ထိုကလေးငယ်အားဘယ်သူမှထိပါး၍မပြောဆိုနိုင်ပေ။ပေါ်မလာသေးသည့်ပုံရိပ်ကလေးကိုစောင့်မျှော်နေရင်း ထုံးစံအတိုင်းတွေ့ရမည့်အရေးကိုတွေးရင်းမြတ်၏နှလုံးသည်စည်းချက်မြန်မြန်ခုန်နေမိသည်။"လူကြီးမင်း"
လမ်းချိုးကလေးအတွင်းမှထွက်လာသောထိုကလေးသည် ကားဘေးမှာခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့်မြတ်ကိုတွေ့သည်နှင့်လက်ကလေးခပ်သာသာယမ်းပြပြီးကြားလောက်ရုံနှုတ်ဆက်လာသည်။မြတ်သည်ထိုကလေးအားမှင်သက်စွာငေးနေမိလေသည်။မြတ်၏မျက်လုံးတို့သည်ဘယ်သောအခါမှမလိမ်ညာတတ်ခဲ့။အခုတွင်လဲမျက်လုံးမှကြည်နူးမှုကဖုံးဖိ၍မရပေ။မြတ် ထိုကလေးအားသတိလက်လွတ်ငေးမောနေမိရင်းဖြင့်ပင် ထိုကလေးသည်သူ့၏အနားသို့ရောက်လာလေသည်။
လေပြေတချက်အဝှေ့၌ပါးပြင်သို့လာရောက်ကျီစယ်သောဆံနွယ်တို့အားခင်သည်သပ်သိမ်းလိုက်သည်။
နံနက်ခင်းနေရောင်ခြည်သည်ခင့်၏ပါးပြင်ပေါ်သို့လာရောက်ထိကပ်ထားသည်။ယနေ့စိတ်ကြည်နေ၍လားတော့မသိ။မြတ်ကိုအသာအယာကလေးပြုံးပြရင်းဖြင့် မျက်နှာကလေးသည်အကြည်ဓာတ်ဖြင့်ရွှင်ပျနေသည်။မြတ်မှာတော့ထိုမျက်နှာလေးကိုကြည့်မဝဖြစ်ရင်းဖြင့် ပြုံးနေတာရပ်တန့်မရသေး။
YOU ARE READING
My handsome Prime Minister