12

4.1K 146 29
                                    

** Does it ever drive you crazy Just how fast the night changes Every thing you ever dream of**

"မမနင့်ဖုန်းလာနေတယ်လို့"

"လာပါပြီဟလာပါပြီ"

အပေါ်ထပ်ခင့်အခန်းထဲမှာကျယ်လောင်စွာအဆက်မပြတ်ထွက်ပေါ်နေသည့်ဖုန်းသံကြောင့်
အငယ်မကသူ့၏အခန်းထဲမှနေ၍လှမ်းအော်နေခြင်းဖြစ်သည်။ခင့်အခန်းကသူ့အခန်း၏အပေါ်တည့်တည့်မှာရှိတာကြောင့် ခင့်၏ဖုန်းသံကြောင့်သူအိပ်ရတာအနှောင့်အယှက်ဖြစ်၍မြန်မြန်သွားကိုင်တော့ဟူသည့်သဘောဖြင့်အော်နေခြင်းဖြစ်သည်။
ရေချိုးခန်းထဲမှာသွားတိုက်နေရင်းဖြင့်ခင်အလျင်အမြန်ပလုတ်ကျင်းရေဆေးချရသည်။

"မမ ငါအိပ်နေတာလို့ နင့်ဖုန်းကလဲတရဆက်ပဲ"

" အေးပါငါသွားကိုင်ပါပြီလို့"

"စောစောစီးစီးဟာ"

"ဟဲ့ မစောတော့ဘူးဟဲ့နာရီလဲထကြည့်အုန်း မနက်9နာရီထိုးနေပြီ"

ခင်ရေချိုးခန်းထဲမှထွက်ထွက်ချင်း အခန်းထဲမှအိပ်ရာကမထရန်တွေ့နေသည့်အငယ်မကိုခင့်မှာဖြေရှင်းပေးရသေးသည်။သူပြောလဲပြောချင်စရာ ဖုန်းကလာမကိုင်မချင်းဆက်တိုက်ကိုခေါ်နေတော့သည်။
ဘယ်လောက်များအရေးကြီးနေလဲမသိ။
ခင့်မှာအရေးတကြီးဖုန်းဆက်စရာဘယ်သူမှမရှိပေ။
ဖုန်းဖြေရန်‌လှေကားကိုအမြန်တက်လာရင်းဖြင့် အပေါ်ဆုံးလှေကားထစ်မှာခင်ခလုတ်တိုက်ကာအရှေ့ကိုယိုင်လဲကျမလိုဖြစ်သွားသည်။

"အမလေးး သွားကျွတ်တော့မယ်"

အရှေ့သို့ယိမ်းထိုးသွားသောခန္ဓာကိုယ်ကြောင့် ရင်တုန်းပန်းတုန်ဖြစ်သွားရသည်။နံဘေးရှိနံရံကိုအမြန်လက်ဖြင့်လှမ်းကိုင်လိုက်လို့သာ‌ပစ်လဲကျမသွားတာဖြစ်သည်။အကယ်၍များအရှိန်သာလွန်ကျသွားရင် အရှေ့တည့်တည့်မှာရှိနေတာကကျွန်းသားစားပွဲဖြစ်၍ခင့်အတွက်မတွေးရဲစရာပင်။
တုန်ရင်သွားသောရင်ကိုလက်ဖြင့်အသာဖိကာ လန့်သွားသောစိတ်ကိုပြန်လည်စုစည်းနေရသည်။

"ကံကောင်းတယ် ဆောင့်မိလို့ကတော့ရှယ်ပဲ"

အကြောင်းကိစ္စဆက်စပ်မိသွားတော့လဲ သူခြေလှမ်းယိုင်သွားသည့်အခါတိုင်းအနောက်ကနေအမြဲလှမ်းထိန်းပေးတတ်သည့်လူကြီးမင်းကိုခင်တွေးမိသွားသည်။အမြဲတမ်းလမ်းသွားရင်သတိမကပ်ပဲ တွေးချင်ရာတွေးပြီးလျှောက်တတ်သည့်သူ့ကိုလူကြီးမင်းသည်လမ်းသွားရင်သတိထားဖို့ကြုံတိုင်းသတိပေးတတ်သည်။သူခြေလှမ်းယိုင်ကျသွားသည့်အခါတိုင်းထိန်းသိမ်းပေးဖို့လူကြီးမင်းသည်အမြဲရှိနေခဲ့သည်။
ခေါင်းထဲကိုတန်းစီဝင်ရောက်လာသည့်မဆီမဆိုင်အတွေးများကိုခင်အလျင်အမြန်မောင်းထုတ်ပစ်ရသည်။

My handsome Prime MinisterWhere stories live. Discover now