25

1.8K 126 23
                                    

"ချီးယား"

ဖန်ခွက်ချင်းတိုက်သံများနှင့်အတူ ကျယ်လောင်စွာထွက်ပေါ်လာသည့်အသံကြောင့် မြတ်ခပ်တိုးတိုးလုပ်သူသည့်သဘောဖြင့်နှုတ်ခမ်းအားလက်ညိုးဖြင့်ဖိကပ်လိုက်သည်။
ထို့နောက်လက်ထဲရှိခွက်ထဲမှအရည်များအားတကျိုက်ထဲမော့သောက်ပစ်လိုက်သည်။
ဤသည်အားခေါင်မိုးထ‌ပ်ပေါ်မှအမျိုးသားများ၏ meeting partyဖြစ်သည်။ကျောက်စားပွဲပေါ်မှ အသားကင်၊အပ်မှိုကင်များစသည်တို့နှင့်အတူ ပုလင်းများကလဲတန်းစီ၍နေလေသည်။
အချိန်ကသန်းခေါင်ယံဖြစ်နေပြီဖြစ်၍ ခင်ကတော့ငြိမ်းချမ်းစွာဖြင့်အိပ်ပျော်နေလေပြီ။ထိုကြောင့်ပင် မြတ်ကဟိုကောင်တွေကိုသိပ်မဆူရန်အချက်ပြနေရခြင်းပင်။ခေါင်မိုးထပ်မှအသံများကို‌ အပေါ်ထပ်အခန်းတွင်းမှကြားဖို့မဖြစ်နိုင်သော်လည်း မြတ်သုခမှာသူ့ကလေးအိပ်နေတာလန့်နိုးမည်ဆိုကာထိုကောင်တွေမှာစကားပင်ကျယ်ကျယ်ပြောခွင့်မရှိ။

အထပ်မြင့်ဖြစ်နေ၍ တဟူးဟူးတိုက်နေသောလေများသည်မြတ်၏ဆံပင်တိုတိုများအားအကြမ်းပတမ်းထိုးဖွပစ်သည်။
သန်းခေါင်ယံဖြစ်၍လေကစိမ့်၍နေသည်။ထိုင်ခုံ၌ခြေချိတ်ထိုင်နေသောမြတ်၏ပုဆိုးစွန်းစသည်လေအရှိန်ကြောင့်တဖျပ်ဖျပ်လူးခါနေသည်။
မြတ်သည်ထိုင်ခုံပေါ်၌ငြိမ်သက်စွာထိုင်နေရင်း တစုံတရာကိုတွေးငေးနေသည်။
သူတို့ဒီနေရာမှာရှိနေရခြင်းကအကြောင်းမဲ့သက်သက်တော့မဟုတ်ပေ။
သူတို့ဆရာတပည့်တွေကြားဆွေးနွေးတိုင်ပင်စရာရှိတာတိုင်ပင်ရန်ဖြစ်သည်။

"တုံတုံ့ရဲ့လုံခြုံရေးအတွက်ငါတို့တခုခုလုပ်မှရတော့မယ် မင်းတို့မသိပါဘူး ညနေကကားပါကင်မှာငမိုးကိုတုံတုံ့အနားမှာတွေ့လိုက်ရတော့ငါဘယ်လောက်ပျာသွားလဲဆိုတာ အဲ့ထောင်ထွက်ကငါ့ကလေးဘေးနားမှာဘာလုပ်နေရတာလဲဆိုပြီး"

"အဲ့ကောင်ကဘာလို့မမလေးနားမှာရှိနေတာလဲဆရာမြတ်"

"အင်း ဒီတိုင်းပဲသဘောရိုးပဲလား ဒါမှမဟုတ်ရင်အကြံအစည်တစ်ခုခုများရှိလို့ငါ့ကလေးအနားရောက်နေတာလားမသိဘူး ငါလဲမှန်းရခက်နေတာ"

မြတ်၏ စကားကိုကိုယ်ရံတော်တသိုက်နှင့်သူရကခေါင်းတငြိမ့်ငြိမ့်နားထောင်ရင်းဖြင့် သူရက

My handsome Prime MinisterWhere stories live. Discover now