"ဖုန်းကိုင်ပါ ဖုန်းကိုင်စမ်းပါ ဖုန်းကိုင်လိုက်စမ်းပါ"
ဖုန်းကော5ကြိမ်မြောက်ရောက်သည့်တိုင်တဖက်မှပြန်လည်ဖြေကြားသူမရှိသေးသည့်ဖုန်းလေးကြောင့်မြတ်ဖုန်းလာကိုင်လိုက်ပါတော့ဟုနှုတ်ဖျားမှတတွတ်တွတ်ရေရွတ်နေမိသည်။တဖက်မှဖုန်းအကိုင်ကိုစောင့်မျှော်နေရင်းဖြင့်ရင်သည်တဒုန်းဒုန်းခုန်၍နေသည်။
"ဟယ်လို"
တဖက်မှဖုန်းဖြေသံသည်ထွက်ပေါ်၍လာလေပြီ။ချိုမြိန်လှသည့်အသံခပ်စူးစူးလေးသည် ဒြပ်သားကြားခံနယ်ဖြစ်သည့်လေလှိုင်းက်ိုဖြတ်၍မြတ်၏နားစည်အတွင်းသို့ဝင်ရောက်လာသည်။
"ခင်ထမင်းစားနေလို့ဖုန်းခေါ်တာအခုမှတွေ့လို့ ဘာအရေးကြီးလို့လဲဖုန်းတွေခေါ်ထားတာပဲ"
"အရေးကြီးကိစ္စရှိတယ် ကလေးငယ် အရေးကြီးကိစ္စရှိတယ်"
"အယ် ဘာတုန်း"
"အခုထွက်ခဲ့အိမ်ကထွက်ခဲ့မှဖြစ်မယ် အရေးကြီးကိစ္စပြောဖို့ဆို"
"ဟာ ခင်ကညတွေအပြင်မှသွားလို့မရတာ နောက်နေတာလား"
"တကယ်အရေးကြီးလို့ကလေးလေးရဲ့ ထွက်ခဲ့ပါကွယ် တကယ်အရေးကြီးတာ တကယ်သေရေးရှင်ရေးနီးနီးပဲ"
ခင်ဖုန်းမှနာရီကိုကြည့်မိတော့ ည7နာရီထိုးလုပြီ။အိမ်ရဲ့စည်းမျဉ်းကအပြင်ရောက်နေရင်တောင် ည7နာရီမထိုးခင်အိမ်ကိုအရောက်ပြန်ရသည်။
ဒီအချိန်မှအပြင်ကောက်ထွက်သွားဖို့ဆိုတာမလွယ်လှ။ရံဖန်ရံခါ ကံကောင်းလွန်းအားကြီးစွာ night out သွားရသည့်အခါတွေရှိခဲ့ဖူးသည်။
ထိုအချိန်တွေတုန်းကတော့ အိမ်ကလူကြီးတွေရဲ့အသဲကျော်ပဲလှော်ဖြစ်သည့်ကိုကို့၏အာမခံချက်များနှင့် ကိုကိုကလာခေါ်ထုတ်ပေးခဲ့တာတောင်ခွင့်ပြုချက်ကလွယ်လွယ်တော့မရ။ခင့်ခေါင်းထဲမှာ အတိတ်ဟောင်းများပြန်လည်ရစ်ဝဲသွားပြီး ဝမ်းနည်းစိတ်ကအတွေးများကိုလွှမ်းခြုံသွားသည်။
လမ်းခွဲခြင်းကိုဒါကြောင့်ခက်ခဲလှသည်ဟုပြောကြတာကိုး။အကြောင်းအရာတိုက်ဆိုင်လေတိုင်း ရမိသည့်သတိ။အရင်လိုပြန်ဖြစ်ချင်တော့လဲ ရှေ့ဆက်လို့မရတော့သည့်အခြေအနေ။လမ်းခွဲခြင်းဟာခက်ခဲလှပါလား။အမြစ်ခိုင်ခိုင်တွယ်ထားသော သစ်မြစ်ကိုချက်ချင်းဆွဲထုတ်ပစ်ဖို့မလွယ်လှ။
မလွတ်မြောက်နိုင်သေးသည့်အတိတ်ကိုအတွေးနယ်ကျွံသွားတော့လဲ ခင့်မှာဖုန်းဖြေနေရင်းမှတိတ်ဆိတ်သွားပြန်သည်။
YOU ARE READING
My handsome Prime Minister