အိပ်မှုန်စုန်ဝါးဖြစ်နေသည့်မျက်လုံးအစုံအားမြတ်ပွတ်သပ်ရင်းခပ်ပြင်းပြင်းသမ်းဝေလိုက်မိသည်။
ကားပြတင်းမှတဆင့်တိုးဝင်လာသည့်မနက်ခင်းလေအေးများကြောင့်မြတ်၏ဆံပင်တို့သည်စုတ်ဖွာကုန်လေပြီ။လက်ကောက်ဝတ်မှာပတ်ထားသည့်နာရီကိုကြည့်မိလေတော့အချိန်က မနက်7နာရီ။
ညကသောက်ထားသည့်အရှိန်ကြောင့်မြတ်၏ခေါင်းတဆစ်ဆစ်ထိုးကိုက်နေပြီး လူကအရက်နာကျနေသည်။လက်နှစ်ဖက်စလုံးကကားစတီယာရင်ကိုကိုင်ထားရာမှ မြတ်ညာဘက်လက်ကိုခဏလွှတ်၍ထိုလက်ဖြင့်သူ့၏မျက်နှာအားကိုင်တွယ်စမ်းသပ်မိသည်။နူတ်ခမ်းသည်အနည်းငယ်ယောင်နေပြီး အတော်လေးစပ်ဖျဉ်းဖျဉ်းဖြစ်နေသည်။ကားနောက်ကြည့်မှမိမိ၏ပုံရိပ်အားမြတ်ပြန်ကြည့်မိသည်။သူ့၏မျက်နှာသည်မနေ့ညကမြတ်သောနှင့်ထိုးကြိတ်ထားသည့်အရှိန်ကြောင့်အနည်းငယ်ယောင်နေကာ ပါးပေါ်မှာထင်ကျန်နေသည့်အညိုမဲစွဲရာများနှင့်ကွဲအက်ရာအနည်းငယ်ကိုတွေ့ရသည်။
နှစ်ချက်သုံးချက်လောက်ပဲအထိုးခံလိုက်ရတဲ့သူတောင်ဒီလောက်အညိုမဲဖြစ်နေတာ မနေ့ညကမြတ်စိတ်ရှိလက်ရှိတချက်ပြီးတချက်ဆုံးမလိုက်သည့်မြတ်သောဆိုရင်မျက်နှာကအတော်အခြေနေဆိုးနေမှာမြတ်သိသည်။
မြတ်မနေ့ညကသူ့လက်ဆကိုသူသိသည်။သူတချက်ထိုးလိုက်တိုင်းယိုင်ယိုင်ကျသွားသည့်မြတ်သောကိုကြည့်တာနှင့် ထိုကောင်အနည်းဆုံးလေးငါးရက်လောက်ထိအစာအမာတွေစားနိုင်လောက်အုန်းမယ်မဟုတ်တာမြတ်သိသည်။
သူ့လက်ဆအကုန်သုံးကာမနေ့ညကအဲ့ဒီလောက်ထိတောင်ဒေါသကြောင့်လုပ်ချင်ရာလုပ်ခဲ့မိသည်။
သူ့အကောင်၏မျက်နှာပေါ်ကဒဏ်ရာဒဏ်ချက်တွေကိုမြင်ရင်ဟိုကလေးကသူ့ကိုပိုတိုး၍မုန်းနေအုန်းမည်။ကားအတွင်းသို့အရှိန်ပြင်းပြင်းတိုးဝင်နေသည့်လေကြောင့်ဖရိုဖရဲဖြစ်နေသည့်သူ့၏ဆံပင်များအား မြတ်သပ်သိမ်းရင်းဖြင့်ကလေးတယောက်လိုတစုံတရာကိုမကျေမနပ်ရေရွတ်နေမိသည်။
သူ့အပေါ်မှာရုတ်ချည်းပြောင်းလဲသွားသည့်ခင့်၏ဆက်ဆံပုံများကြောင့်မြတ်လက်သည်းခွံစာလောက်မကျေမနပ်ဖြစ်နေမိသည်။
သူ့အပေါ်ကိုဆိုမာမာတင်းတင်းဆက်ဆံနေသလောက် ဟိုအကောင်နဲ့ဆိုရင်တော့ကိုကို ကိုကိုနှင့်ပျားရည်အိုလေးလိုချိုသာနေတတ်သည်ကိုလဲမြတ်လက်သည်းခွံနှစ်ခွံအရွယ်စာလောက်စိတ်ဆိုးမိသည်။စိတ်ဆိုးချင်သော်လဲ ချစ်သည်စိတ်ကထိုစိတ်ကိုအနိုင်လွှမ်းထား၍စိတ်ဆိုးချင်တာတောင်မြတ်မှာစိတ်မဆိုးရက်။သို့သော်လဲ လက်သည်းခွံနှစ်ခွံစာလောက်တော့စိတ်ကဆိုးနေမိသည်။
YOU ARE READING
My handsome Prime Minister