အပြင်ဘက်ရှိပြတင်းပေါက်မှန်မှာကပ်ငြိနေသည့်ရေစက်လေးများကိုမြတ်စိုက်ကြည့်ရင်းဖြင့်သူ့၏အညိုရောင်နူတ်ခမ်းတစ်စုံသည်ခပ်ရေးရေးပြုံးမိသွားသည်။သည်းထန်စွာရွာသွန်းနေသည့်မိုးနှင့်အတူ ယိမ်းထိုးလူပ်ခါနေသည့်သစ်ပင်၊သစ်ကိုင်းများကိုကြည့်ကာမြတ်၏စိတ်တို့သည်တစုံတယောက်ကိုလွမ်းဆွတ်သတိရနေမိသည်။
ပြတင်းပေါက်မှာအသာရပ်ရင်းဖြင့် ပြင်ပမှမြင်ကွင်းကိုငေးကာလက်ထဲတွင်ကိုင်ထားသည့်အငွေ့ထနေသည့်ကော်ဖီပူပူကို ခပ်ဖြေးဖြေးမှုတ်သောက်လိုက်သည်။ဒီလိုရာသီဥတုနှင့်လိုက်ဖက်လွန်းသည့်ကော်ဖီပူပူနွေးနွေးလေးမှခါးသက်သက်အရသာကိုလျှာကခံစားလိုက်ရသည်။မိုးတွေရွာလို့မှန်ပေါ်မှာရေစက်ကလေးတွေတင်ကျန်နေရင် ထိုရေစက်များကိုလက်ချောင်းလေးဖြင့်ပွတ်ဆွဲကာပုံဆွဲတတ်သည့်ခင့်ကိုမြတ်စိတ်ထဲအတော်တောင့်တနေမိသည်။ဘယ်လိုကြောင့်ရယ်တော့မသိ မိုးရွာရင်ပိုတိုး၍လွမ်းသည်။"သေမှာပဲလွမ်းရလို့"
မြတ်သူရပ်နေသည့်ပြတင်းပေါက်ကိုကျောပေးလိုက်ကာ ပြတင်းပေါက်မှလိုက်ကာကိုပြန်ချလိုက်သည်။ထို့နောက်လက်ထဲမှကော်ဖီခွက်ကိုအသာချရင်းလူလဲအလုပ်စားပွဲပေါ်၌ပြန်လည်နေရာယူလိုက်သည်။စားပွဲပေါ်မှာအထပ်လိုက်ရှိနေသည့်စာရွက်စာတမ်းများနှင့်ပုံနေသည့်လက်မှတ်ထိုးစရာများ။မြတ် အလုပ်ထဲအာရုံပြန်သွင်းလိုက်ပြီးအခုနကသူဖတ်လက်စစာတမ်းတခုကိုပြန်လည်အာရုံစိုက်လိုက်ပြီး ဂရုတစိုက်ဖတ်ရူနေလေသည်။
တစ်နာရီခန့်မြတ်စားပွဲပေါ်မှစာရွက်စာတမ်းများအားအာရုံတစိုက်ဖတ်ရူအပြီးမှာလည်ဂုပ်နားတဝိုက်ညောင်းလာသလိုခံစားလာရတာမို့ဖတ်လက်စများကိုခတ္တရပ်တန့်လိုက်ကာ သူထိုင်နေသည့်ဆုံလည်ကုလားထိုင်၏နောက်ကျောကိုစိတ်တိုင်းကျမှီချပစ်လိုက်သည်။အနည်းငယ်ကျိန်းစပ်နေသည့်မျက်လုံးများကိုမှိတ်ထားရင်း လက်များကိုဆန့်ထုတ်၍အညောင်းအညာဖြေနေမိသည်။ထိုစဉ်တွင်အခန်းဝမှတံခါးခေါက်သံထွက်ပေါ်လာသည်။
"ဒေါက် ဒေါက် ဒေါက်"
မြတ်လည်ချောင်းကိုတချက်ရှင်းလိုက်ကာ ရုံးခန်းဝမှလူကြားနိုင်အောင်လေသံခပ်မြင့်မြင့်ဖြင့်
YOU ARE READING
My handsome Prime Minister