**ကိုယ်ညနေလာကြိုပါရစေနော်**
**ကိုယ်လာခဲ့မယ်လေနော်**
**ညနေတွေ့မယ်နော်ကလေးလေး ကိုယ်လာခဲ့မယ်နော်**
**ကိုယ်ထွက်လာပါပြီ စောင့်နေမယ်နော်**
ဖုန်းဖွင့်ဖွင့်လိုက်ချင်းမှာ Noti barမှာတန်းစီတက်နေသည့်မက်ဆေ့ဂ်ျများနှင့်အတူ လူကြီးမင်းဟူသော contact ၏ missed callတခုကိုတွေ့ရလေသည်။
Blocklist မှပြန်လည်ဖယ်ရှားခြင်းခံလိုက်ရသောလူကြီးမင်းသည် Blocklist မှထွက်ရ၍ အောင်ပွဲခံသည့်အထိမ်းအမှတ်ဖြင့်စာတွေမကြာခဏပို့နေသလားပင်။ထိုမက်ဆေ့ဂ်ျအတိုအထွာများကိုကြည့်ကာခင်မဲ့ပြုံးတချက်ပြုံးလိုက်မိသည်။
ထို့နောက်ထိုမက်ဆေ့ဂ်ျများကိုဘာမှစာပြန်မနေပဲဖုန်းကိုအိတ်ထဲပြန်ထည့်ကာ ကျောင်းဝန်းထဲသို့ဆက်လျှောက်လာခဲ့သည်။တမာပင်တန်း၏အဆုံးတနေရာမှဝါဖျော့ဖျော့ပုံရိပ်တခုသည်သူ့ဆီသို့တဖြည်းဖြည်းနီးကပ်လာနေသည်ကိုခင်မြင်ရသည်။ထိုပုံရိပ်သည်မြင်ကွင်းအတွင်းသို့တိုး၍တိုး၍နီးကပ်လာပြီး တလံလောက်အကွာအရောက်မှာထိုပုံရိပ်ကိုပြတ်ပြတ်သားသားမြင်လိုက်ရသည်။ထိုလိမ္မော်မကျအဝါမကျဖျော့တော့တော့ပုံရိပ်သည်သူ့ကိုမြင်၍အပြေးလှမ်းလာခဲ့ခြင်းဖြစ်သည်။နီးကပ်လာလေတော့ထိုကြည်လင်ပြတ်သားသည့်ပုံရိပ်သည်သူ့ကိုဝမ်းပန်းတသာပြုံးပြရင်းဖြင့်လက်ကိုဝေ့ရမ်းပြသည်။အားတက်သရောအလျင်မြန်ရောက်လာသည့်ခြေလှမ်းကျဲကြီးများကိုခင်တအံ့တဩကြည့်ရင်းနှုတ်ခမ်းကိုတချက်တွန့်လိုက်သည်။
"ကိုယ်ရောက်ပါပြီ"
အားတက်သရောအနားသို့မပြေးရုံတမယ်လှမ်းလာရင်း အနားသို့ရောက်လာသည့်ပင်နီတိုက်ပုံဝါဖျော့ဖျော့ဖြင့်လူကြီးမင်းသည် လက်ထဲမှာပွေ့ပိုက်လာသည့်ပန်းစည်းကြီးအားခင့်လက်ထဲသို့တခုတ်တရလှမ်းပေးသည်။လူကြီးမင်းသည် သွားလှလှညီညီလေးတွေပေါ်အောင်ထိသူ့ထံနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြလျက်ရှိကာ လူကြီးမင်း၏မျက်လုံးများသည်မျှော်လင့်ချက်အပြည့်ဖြင့်အရောင်တောက်နေခဲသည်။ခင်နှာခေါင်းအတွင်းသို့တိုးဝင်လာသည့်သင်းပျံ့ပျံ့အနံ့လေးကြောင့်မျက်စိရှေ့မှပန်းစည်းအားသတိထားကြည့်မိသည်။
လှပလွန်းသည့်ပွင့်ချပ်ကားကားများဖြင့်လိမ္မော်ရောင်နှင်းဆီများ။လှပလွန်းလှသည်။
လိမ္မော်ရောင်နှင်းဆီလှလှ20ပွင့်ကိုခင်သည်အားတုံ့အားနာဖြင့်လက်ခံယူလိုက်ရင်း ပွေ့ပိုက်ထားလိုက်မိသည်။
ESTÁS LEYENDO
My handsome Prime Minister