တန်းဆက်နေပြီးဖြစ်သည့်သတို့သမီးလေး၏မျက်ခုံးများသည်အထွေအထူးဆွဲနေစရာပင်မလို။သဘာဝအတိုင်းခပ်နက်နက်နှင့်တန်းဆက်နေပြီးသားဖြစ်သည်။ခင့်၏နဂိုကော့ညွှတ်နေပြီးသားမျက်တောင်ရှည်များသည်လဲဆေးကူလိုက်တော့ ပို၍ညွှတ်နေအောင်လှပကော့စင်းသွားသည်။
နှုတ်ခမ်းသားနုနုတို့အထက်မှာတော့ အသားရင့်ရောင်နှုတ်ခမ်းနီလေးကိုခြယ်သထားကာခင့်၏နှုတ်ခမ်းလွှာလေးများကိုကြည့်ရသည်မှာပွင့်လွှာတချပ်လိုပင်အိစက်၍နေသည်။
လိမ္မော်ရောင် eyeshadow ၊ပါးအို့ပေါ်မှာခြယ်သထားသည့်ပြီးပြည့်စုံသည့်လိမ္မော်နုရောင် blush၊ခင့်စိတ်တိုင်းကျအတိုင်းပါးလွှာသည့် eyeliner ဆွဲသားချက်၊ညက်ညောလှသည့် foundation။
အားလုံးကိုစုပေါင်းလိုက်လျှင် သတို့သမီး၏မိတ်ကပ်သည်အဆင့်ဆင့်လုံးဝပြီးပြည့်စုံသွားလေပြီ။မိတ်ကပ်ဆရာမက ခင့်၏ပါးရိုးလေးမှလိုအပ်သည့်နေရာများကို blushခြယ်သနေရင်းမှ ခင့်အားပြုံးပြလာရင်း"လှလိုက်တာ ပြီးပြည့်စုံသွားပြီ"
ခင်လူမှုရေးအရဝတ်ကြေတန်းကြေသာပြုံးပြလိုက်သည်။သူ့၏အနားမှာဝန်းရံနေသည့် မိတ်ကပ်ဆရာမများ၊ဆံထုံးထုံးဖွဲ့ပေးသူများနှင့်မင်္ဂလာဝတ်စုံကူဝတ်ပေးနေသည့်အမျိုးသမီးများဖြင့်အုံနေသည်။
မိမိအားဝိုင်းအုံနေကြသည့်သူများကြောင့်ခင့်စိတ်ထဲကျဉ်းကြပ်လာကာ သူတို့ကိုယ်ပေါ်မှမိတ်ကပ်နံ့အပြင်းစားများကြောင့်အသက်ရှူရကြပ်လာသည်။ဆင်မြန်းထားရသည်ကလဲထိုင်မသိမ်းဖြစ်၍ နေရထိုင်ရကျဉ်းကြပ်လှသည်။မင်္ဂလာပွဲစရန်15မိနစ်ပင်မလိုတော့ပေ။နောက်မိနစ်ပိုင်းဆို ခင်သူ့၏ဘဝသည်မချစ်မနှစ်သက်သည့်ထိုအမျိုးသားလက်တွင်းသို့သက်ဆုံးတိုင်ကျရောက်သွားတော့မည့်အဖြစ်ကိုတွေးရင်းအခုမှကြောက်လန့်လာမိသည်။ကိုယ့်မိုက်ပြစ်နှင့်ကိုယ်ဖြစ်နေ၍ခင်အခုမှပဲမင်္ဂလာပွဲကိုရပ်ခိုင်းလို့လဲမရတော့ပင်။နှစ်ဦးနှစ်ဖက်မျက်နှာပျက်ရမည့်ကိစ္စဖြစ်၍ ဒီအချိန်မှပင်မင်္ဂလာပွဲကိုဆက်မလုပ်၍လည်းမဖြစ်တော့။သာမန်လက်ထပ်ပွဲဆိုရင်တောင်အခုနေရပ်ပစ်၍ရသေးသည်။သို့သော်ကံဆိုးချင်တော့သူလက်ထပ်မည်မှာ နိုင်ငံ့အကြီးအကဲဖြစ်သည်။ထိပ်သီးပုဂ္ဂိုလ်များ၊နိုင်ငံရေးမိတ်ဆွေများ၊ဝန်ကြီးများ၊လွှတ်တော်အမတ်စသည်ဖြင့် အရာထူးအရာခံပုဂ္ဂိုလ်ကြီးများကအစတက်ရောက်ဂုဏ်ပြုပေးသည့်ပွဲဖြစ်၍ ခင်ဒီလိုလုပ်လိုက်ရင်ဦးမြတ်သုခသိက္ခာတော်တော်ထိခိုက်သွားမည်ဖြစ်သည်။ခင်ထိုလူ့အပေါ်ဒီလောက်ထိတော့မရက်စက်နိုင်ပေ။ခင်အကြံအိုက်ကာ ခြေစုံရပ်ရင်းကိုယ်လုံးပေါ်မှန်အတွင်းမှမိမိကိုယ်ကိုပြန်ကြည့်ကာ ဆံထုံးထုံးဖွဲ့ပေးနေခြင်းကိုစိတ်မရှည်လက်မရှည်စောင့်စားနေရသည်။
YOU ARE READING
My handsome Prime Minister