Unicode
"မဖြစ်ဘူး ကိုကိုမသွားပါနဲ့ မလုပ်ပါနဲ့"
"ဟင့် ဟင့်"
တိတ်ဆိတ်ငြိမ်သက်နေသောညလယ်ခေါင်၌ နားထဲသို့တိုးဝင်လာသော အဖျားတက်နေသလိုငိုကြွေးနေသလိုတုန်တုန်ရင်ရင်အသံတခုသည်မြတ်၏နားတွင်းသို့ဝင်ရောက်လာသည်။
အိပ်မောကျနေသော်လည်း နဂိုထဲမှအအိပ်စက်သည့်လူဖြစ်၍ဖျတ်ခနဲမြတ်၏မျက်လုံးများပွင့်လာသည်။
ဆတ်ကနဲကောက်ထိုင်လိုက်မိရင်း ဘာလဲဟုစူးစမ်းရန်မကြည်လင်သေးသောမျက်လုံးများအားလက်ဖြင့်ပွတ်သပ်လိုက်သည်။
ဦးစွာပင်သူ့၏နံဘေးမှာအိပ်စက်နေသည့်ထိုကလေးကိုစောင်းငဲ့၍ကြည့်မိလိုက်သည်။ထိုကလေးသည်သူ့အားကျောခိုင်းချက် တစ်ဖက်ကုတင်အစွန်းကိုတိုး၍အိပ်ပျော်နေရင်း အိမ်မက်ထဲမှတစုံတရာကိုကယောင်တကမ်းအိမ်မက်ယောင်နေခြင်းဖြစ်သည်။မြတ် လွတ်နေသည့်စောင်အားခင့်အပေါ်သို့လွှမ်းခြုံပေးလိုက်ရင်း အပေါ်မှဆီးမိုး၍ခင့်အားစောင့်ကြည့်နေမိသည်။ခင့်၏နှုတ်ဖျားတို့သည် လှုပ်ခတ်နေကာတစုံတရာကိုညည်းဆိုနေသည်။
မြတ်သေချာသတိထားမိလိုက်တော့မှ ခင်၏နားသယ်စပ်နားနှင့်နဖူးပြင်တို့၌ချွေးစက်ချွေးပေါက်ကလေးများကပ်ညှိနေပြီး တစုံတရာကိုဝိုးတဝါးရေရွတ်နေသည်။ခြောက်ခြားစရာအိမ်မက်ဆိုးတခုခုကြုံတွေ့နေရခြင်းဖြစ်ပေသည်။
ခင်ဘာတွေပြောနေတာလဲဆိုတာကိုမြတ်သဲသဲကွဲကွဲမကြားရ။ခင့်၏ ကယောင်တကမ်းပြောဆိုသံသည်တချက်တချက်တိုးဝင်သွားပြီး တချက်တချက်မှသာပြန်ကြားရသည်။အိမ်မက်ဆိုးအားကောင်းလာ၍လားတော့မသိ အပြင်မှာပါခင့်၏ခန္ဓာကိုယ်လေးသည်လူးလွန့်လှုပ်ရှားလာကာအိပ်တဝက်နိုးတဝက်ဖြစ်လာသည်။"ကိုကိုမသွားပါနဲ့ ကိုကို ဟင့်အင်း မဖြစ်ဘူး"
"ဟူးး"
ခင့်ထံမှကြားနေရသည့်ကယောင်တကမ်းရေရွတ်သံများကိုပီပီသသကြားလိုက်ရသည့်အခါ၌မြတ်သက်ပြင်းရှည်တချက်ကိုမှုတ်ထုတ်လိုက်မိသည်။
ထိုကလေးသည် သူမုန်းတီးသည့်ထိုကောင်နှင့်ပက်သက်သည့်အိမ်မက်ဆိုးတခုကိုမက်နေရင်း လက်တွေ့မှာပါထိုကောင့်ကိုကယောင်ကတမ်း တမ်းတနေလေသည်။မြတ် ခင့်ဆီမှချွေးစက်လေးများအားသုတ်ပေးရင်းဖြင့် ခင့်၏လက်ဖဝါးလေးအားဆုပ်ကိုင်ထားလိုက်ရင်း
YOU ARE READING
My handsome Prime Minister