16

3K 157 20
                                    

Unicode

ခါးသက်သည့်အရသာနှင့်အတူ လည်ချောင်းအတွင်းသို့ပူဆင်းသွားသည့်ခွက်ထဲမှလက်ကျန်ဘရန်ဒီ။
သော၏မျက်နှာသည်တချက်တွန့်မဲ့သွားကာ ပူလောင်နေသည့်ရင်သည်ဘရန်ဒီကြောင့်လားအချစ်ကြောင့်လားမသဲကွဲ။
စားပွဲပေါ်ရှိ ဘရန်ဒီပုလင်းထဲမှအရည်များကို ဖန်ခွက်ထဲသို့ထည့်လိုက်ပြန်သည်။တကျိုက်ထဲမော့ချပစ်လိုက်ရင်း သောဆံပင်တို့အားအသားကုန်ဆွဲဖွမိလိုက်သည်။သောဘာလုပ်လို့လုပ်ရမှန်းကိုမသိဝောာ့။
ရည်းစားလူလုအူနုကျွဲခတ်ဆိုသည့်အတိုင်း သောမှာမခံမရပ်နိုင်ဖြစ်နေရသည်။

လက်ထဲမှဖန်ခွက်အလွတ်အား သော နံရံသို့ကောက်ပစ်လိုက်မိသည်။ခလွမ်းဟူသည့်ဖန်ခွက်ကွဲသံနှင့်အတူဖန်ကွဲစများသည်ကြမ်းပေါ်သို့ပြိုဆင်းလာသည်။သော နားနှစ်ဖက်ကိုပိတ်ကာစူးစူးဝါးဝါးအော်ဟစ်လိုက်မိသည်။ထွက်မိထွက်ရာအော်ဟစ်ရင်း သွေးထဲမှာရောက်ရှိနေပြီးဖြစ်သည့် alcohol အရှိန်ကြောင့်အလွမ်းသွေးကပြနေလေပြီ။
ရင်တွင်းမှာလှိုက်တက်လာသည့်ဝမ်းနည်းမှုကြောင့် သောမှာသေမတတ်ပင်။စူးစူးဝါးဝါးအော်ဟစ်ရင်းဖြင့် နေရာမှယိုင်နဲ့နဲ့ဖြင့်ထရပ်ကာ ကွန်ဒိုအတွင်းရှိ တွေ့သမျှပစ္စည်းများအားလွှတ်ပစ်နေသည်။ဒေါသတကြီးသောင်းကျန်းနေရင်းဖြင့်သောဒူးခွေကျသွားသည်။ပူလောင်ခြင်းတို့သည်ငြိမ်းသတ်၍မရ။
သောကြမ်းပေါ်သို့ခွေကျသွားပြီး ကြမ်းပေါ်၌ဒူးထောက်ထိုင်ချလိုက်ကာ ရှိုက်ကြီးတငင်ငိုကျွေးမိသည်။

"အား အား မဟုတ်ဘူး အဲ့တာငါ့အပိုင် ငါ့အပိုင်လို့"

"အဟင့်ဟင့် ဘေဘီလေးရယ်ပြန်လာပေးပါကွာ ဘေဘီရေ ကိုကို့ကိုလာကြည့်လှည့်ပါအုန်း"

"ငါ့အပိုင် ငါပဲပိုင်ရမှာ ငါ့ကိုပဲချစ်ရမှာ အဟင့်ဟင့် ဘေဘီ မင်းပြန်လာခဲ့ကွာ"

သော မှောင်မဲနေသည့်ကွန်ဒိုအခန်းထဲ၌နံရံကိုမှီ၍ ဒူးနှစ်ချောင်းကိုလက်ဖြင့်ဖက်ကာကြမ်းပေါ်စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ချထားသည်။
သော၏မျက်ဝန်းများသည်အယ်လ်ကိုဟောအရှိန်ကြောင့်ရီဝေနေကာ မျက်ဝန်းအိမ်မှမျက်ရည်များပိုးပိုးပေါက်ပေါက်ကျနေသည်။မနေ့က သူ့ကိုကျောခိုင်း၍ထွက်ခွာသွားသည့် ခင်နှင့်ဟိုအောက်တန်းစား၏နောက်ကျောကိုပြန်မြင်ယောင်လာရင်း မိမိအပိုင်ကိုမိမိလက်တွင်းမှဆွဲယူသွား၍မခံချင်စိတ်နှင့်အတူမခံချိမခံသာဖြစ်နေသည်။ဘယ်လိုတောင်ပြောနိုင်ရတာလဲမဆိုင်တော့ဘူးလေတဲ့။ထိုကလေးထိုစကားကိုသူ့ကိုအထိနာစေရန်လွယ်လွယ်ပြောလိုက်သော်လဲ နောက်ကွယ်မှာဘယ်လောက်တောင်သူလဲကြေကွဲငိုကြွေးနေမလဲဆိုတာသောသိသည်။
ခင်သည်သူ့ကိုတော်ရုံတန်ရုံချစ်ခဲ့သည်မဟုတ်။ဒီလောက်လွယ်လွယ်မေ့ပစ်မရတာသူသိသည်။

My handsome Prime MinisterWhere stories live. Discover now