လက်ထဲမှပိုင်းလော့တံဆိပ်ဘောပင်အားလက်ညိုးနှင့်လက်ခလယ်ကြားမှာမွှတ်နေအောင်လှည့်ရင်းဖြင့်မြတ်၏အတွေးအာရုံတို့သည်လွင့်ပျံနေသည်။
လူကသာရုံးခန်းထဲမှာရှိနေရပေမယ့်စိတ်ကတော့ရောက်တတ်ရာရာကိုလွင့်ပျံနေသည်။
ဒီတလောမြတ်စိတ်နှင့်လူနှင့်မကပ်။
ညညဆိုလဲတော်ရုံနှင့်အိပ်မပျော် နှစ်ချက်တီးသုံးချက်တီးလောက်မှအိပ်ပျော်သွားတတ်သည်။
အလုပ်မှာပျော်လွန်းသည့်သူကအလုပ်ထဲပင်စိတ်နှစ်မရတော့။ရုတ်တရပ်ကြီးသူ့၏စိတ်တို့အသတ်ခံလိုက်ရသလိုပင်။"ကျစ်"
စာရွက်၏အောက်ခြေရှိရန်ကုန်တိုင်းဝန်ကြီးချုပ်ဆိုသည့်နေရာ၌လက်မှတ်ထိုးရန်ရေးခြစ်လိုက်သော်လဲမှင်မလိုက်သည့်အတွက်မြတ်စိတ်အနှောင့်အယှက်ဖြစ်ကာထိုဘောပင်အားနံရံသို့ပစ်ပေါက်လိုက်မိသည်။နူတ်ဖျားမှလဲခပ်တိုးတိုးဆဲရေးလိုက်မိသည်။
ဘာမှမဟုတ်သည့်ပြဿနာလေးကိုပင်မြတ်သည်းမခံနိုင်ဖြစ်နေသည်။စိတ်တို့သည်ဒီရက်ပိုင်းဆတ်ဆတ်ကိုထိမခံ။
မြတ် အလုပ်ထဲစိတ်မပါ၍ပေတေတေသာထိုင်နေမိသည်။ဘီးတပ်ကုလားထိုင်ကိုလှည့်၍အလုပ်စားပွဲကိုကျောပေးကာနောက်ပြန်ထိုင်နေမိသည်။"ကိုမြတ်"
ထိုစဉ်ကျွီခနဲတံခါးမြည်သံနှင့်အတူလက်ထဲမှစာရွက်အထပ်လိုက်များစုစည်းထားသည့်ဖိုင်ကိုကိုင်၍ရုံးခန်းထဲမှမြတ်၏စားပွဲရှိရာသို့ကျနစွာလျှောက်ဝင်လာသည့်ခြေသံ။
ခြေသံနားထောင်ပြီးကိုမြတ်ဟူသည့်အခေါ်အဝေါ်ကြားရုံနှင့်တင်ကျော်သူရဖြစ်ကြောင်းနောက်လှည့်ကြည့်စရာမလ်ိုပဲမြတ်တန်းသိသည်။
မြတ်ကိုဆရာမြတ်၊ဆရာ၊အကိုလေးမြတ်ဟုခေါ်ကြတာမျိုးတော့ရှိပေမယ့် ကိုမြတ်ဟုခေါ်တာကတော့ဒီတယောက်ထဲသာရှိသည်။
အမြဲတစေမြတ်သွားရာလျှောက်လိုက်နေကာ ဘေးကနေကိုမြတ် ကိုမြတ်နှင့်တွတ်ထိုးတတ်သည်မှာသူသာရှိသည်။
ကျော်သူရ၏ခြေသံကြားတော့မြတ်ဘီးတပ်ကုလားထိုင်ကိုအရှေ့သို့ပြန်လှည့်လိုက်သည်။ထိုစဉ်စားပွဲမှနေ၍ကျော်သူရ၏မျက်နှာဆီသို့ခုန်ပျံတက်လာသည့်စာအုပ်တအုပ်။
မျက်နှာဆီတည့်တည့်လာသည့်စာအုပ်ကိုသူရသိုင်းကွက်သုံး၍ရှောင်တိမ်းလိုက်သည်။
လက်တည့်လွန်းသောမြတ်၏ပစ်ချက်မလို့လွဲစရာမရှိ။အရှောင်အတိမ်းကောင်း၍မျက်နှာကိုတော့တည့်တည့်မထိ ပုခုံးကိုသာဖတ်ခနဲထိသွားပြီးကြမ်းပြင်ပေါ်ပြုတ်ကျသွားသည်။ကြမ်းပြင်ပေါ်ပြုတ်ကျသွားသည့်စာအုပ်ကိုကျော်သူရခါးကိုင်း၍ကောက်လိုက်ပြီးမြတ်ဘက်သို့လှည့်၍စာအုပ်ကိုထောင်ပြပြီး
YOU ARE READING
My handsome Prime Minister