အပိုင်း နှစ်။

8.7K 628 7
                                    

- 𝗦𝗶𝗹𝗲𝗻𝗰𝗲 𝗜𝗻 𝗧𝗵𝗲 𝗠𝗶𝗿𝗿𝗼𝗿 -

" ဘဘတို့ လင်မယားနှစ်ယောက်လုံးကို ဧည့်ခန်းထဲလာဖို့ခေါ်လိုက်။ ပြီးရင် မင်းပါလာခဲ့ ဖိုးမောင် "

ကားမောင်းသူနေရာမှ အမျိုးသားအား မှာကြားစရာရှိတာ မှာကြားရင်း ကလေးရဲ့ လက်တစ်ဖက်အား ဆွဲကာ အိမ်ထဲသို့ ဝင်သွားလေသည်။ ပိုးသားအစိမ်းရောင် ရင်ဖုံးဝမ်းဆက်လေးမှာ ဖြူဖွေးသော အသားအရည်ပေါ် ရွှန်းလဲ့တောက်ပနေ၏။ မြန်မာနိုင်ငံ၏ ရာသီဥတုကြောင့် လက်ရှည်မဟုတ်ပဲ ပခုံးထိသာ ဖြတ်ချုပ်ထားသည်ကြောင့် ကျစ်လစ်သော လက်မောင်းတို့မှာ အထင်းသား။ သွယ်ကျနေသော ခါးသိမ်သိမ်၊ မကျဉ်းမကျယ်သာ ရှိလှသည့် ကျောပြင်၊ အရွယ်ညီကာ လုံးဝန်းသော တင်ပါးပိုင်း။ လှသည် ဒေါ်လွှမ်းနှင်းဆီဆိုသော အမျိုးသမီးက အနောက်ပိုင်းမြင်ရရုံနဲ့တင် ပုရိသ‌တို့အား ရူးခါစေလောက်‌၏။

ဖန်အကြည်ဖြင့် ပြုလုပ်ထားသော စားပွဲပေါ်တွင် နှင်းဆီနီတစ်ပွင့်တည်းသာ ထိုးစိုက်ထားသည့် ကြွေပန်းအိုးအား တင်ထား၏။ စားပွဲ၏ လေးဘက်လေးနံတွင် ကြက်သွေးရောင် ဆိုဖာခုံကြီးများမှာ အစီအရီ။ ထိုသည်ထက် ပိုမရှိသော အခန်းငယ်သည် ဒီအိမ်ကြီးရဲ့ ဧည့်တွေ့ခန်းသာဖြစ်၏။

သခင်ရှေ့မို့ ဒူးထောက်ရသည်ဆိုတာ ဒေါ်လွှမ်းနှင်းဆီရဲ့ အိမ်တွင်မသတ်မှတ်ထားပေ။ မစုတ်မပဲ့သော အဝတ်အစားများကိုသာ ဝတ်ဆင်စေပြီး သူမနဲ့တန်းတူ ဆိုဖာမှာပါ ထိုင်ခွင့်ပြုထားသည်။ ထမင်းစားလျှင်လည်း လက်စုံအတူ စားစေသည်အထိ နှိမ့်ချစွာသာ နေတတ်သူ။

ဒူးခေါင်းတစ်ဖက်ပေါ် တစ်ဖက်ယှက်တင်ရင်း ဟန်ပါပါထိုင်နေသူမှာ ကျားရိုင်းမလေး တစ်ကောင်အလား။ ချောင်းတစ်ချက်ဟန့်ကာ စကားဝိုင်းကို စတင်လေသည်။

" နှင်းဆီခေါ်ခိုင်းရတဲ့ အကြောင်းအရင်းကတော့ အကူအညီ တောင်းချင်လို့ပါ။ ကလေးက ငယ်သေးတာမို့ရယ် ပြီးတော့ နှင်းဆီက အလုပ်တွေရှိနေသေးတာကြောင့်ရယ် သေချာထိန်းကျောင်းနိုင်မယ် မထင်ဘူး။ ဒါကြောင့် နှင်းဆီငယ်ငယ်ကလို ကလေးကိုလည်း စောင့်ရှောက်ပေးကြပါ။ မေတ္တာရပ်ခံပါရစေ "

Silence In The Mirror (completed)Where stories live. Discover now