အပိုင်း တစ်ဆယ်။

5.9K 473 38
                                    

နှင်းဆီတွေကို သဘောကျလာဖို့ မရည်ရွယ်ခဲ့ပေမယ့် မုန်းဖို့တော့အကြိမ်ကြိမ် ကြိုးစားမိနေတာပါ။ သို့ပေမယ့် နှလုံးသားလေးက ခပ်တိုးတိုးသာအမြဲဆိုလေ့ရှိသည်။ ထိုသည်မှာ

   " နှင်းဆီကို ချစ်၏ "

ဘယ်တတ်နိုင်ပါ့မလဲ၊ နှလုံးသားရဲ့ စေလိုရာအတိုင်းပဲပေါ့ ချစ်ရသူ

  
***

ခြံထဲရောက်ခါနီး အိမ်မကြီးဆီသို့ တဖန်ပြန်လှည့်လာရသော ခြေလှမ်းများ။ ဖိနပ်စီးထားနှင့်ပြီးမို့ ခပ်ပါးပါး‌ ဒေါက်ဖိနပ်မှ မြည်သံသည် တိတ်ဆိတ်သော ပတ်ဝန်းကျင်၌ ကျယ်လောင်စွာထွက်ပေါ်နေ၏။
အားမပါသော်လည်း တွန်းဖွင့်ရသည်မို့ ဝုန်းခနဲအသံသည် အနည်းငယ်မျှ ကြာအောင်သာ ဆူညံလိုက်ရသည်။

" ဟိုအမျိုးသမီး နေမကောင်းဘူးဆို "

ထိုစကားသံမှာ ကြားရုံဆိုသည်မျှသာဖြစ်၏။ အိပ်ပျော်နေသူအား မျက်စိထောင့်မှ မြင်နေရပြီမို့ အကူအိမ်ဖော်မလေးကိုသာ ခပ်တိုးတိုးဆိုရတော့သည်။

" ဟုတ်တယ် မမလေး၊ ဆရာဝန်တော့ မပြရသေးဘူး အဲ့တာ "

" ဟုတ်ပြီ အခုဆရာဝန်ဆီ ဖုန်းဆက်လိုက်၊ ချက်ချင်းလာဖို့မှာနော် "

မျက်နှာရိပ်တစ်ချက်ပြလိုက်သောအခါ နားလည်သွားကြဟန်ဖြင့် အသီးသီးအကုန်ထွက်သွားကြ၏။ ထိုအခါမှသာ ဝတ်ထားသော ကုတ်အနက်ရောင်အား ချွတ်ချလိုက်ပြီး ကုတင်ခြေရင်း၌ ပုံထားလိုက်သည်။ အိပ်ပျော်နေသူအား တစ်ချက်ပြန်လှည့်ကြည့်တော့ မှိန်း‌နေစဲသာမို့ ဖိနပ်တို့ကို ချွတ်ဖို့ရွယ်လိုက်၏။

" ဟင် "

" ဘာတွေဟင်နေတာလဲ သမီးဖြစ်သူက အိမ်ပေါ်ကဆင်းသွားတာမဟုတ်ဘူး။ ပရဟိတသွားလုပ်ရုံပဲ ဘာလဲ အလွမ်းနာကျသွားတာလား "

ဒေါ်လွှမ်းနှင်းဆီကလေ အနုပညာသွေးတွေများ အပြည့်ပါလာသလား မှတ်ရတယ်။ တစ်ခုခုဆို သူ့မှာ အပြီအပြင်တွေကို ခံစားလို့။
အခုလည်း ဖျားတယ်ဆိုတာ ငယ်သွေးကြွယ်ကြောင့်ပဲနေမှာ။ အမေစိတ်မကောင်းဖြစ်မှာစိုးလို့ တိုက်ရိုက်မနှုတ်ဆက်ပဲ သွားမယ်ဆိုလို့ ခွင့်ပြုပေးလိုက်တာကို သူ့ကိုလာမပြောလို့ဆိုပြီး ရစ်သေးတာ။ အလုပ်က အစည်းအဝေးရှိလို့ သွားရပါမယ်ဆို သူရစ်နေတာက မပြီးနိုင်မစီးနိုင်။ ဒါကိုစိတ်မရှည်ဖြစ်လာပြီမို့ နည်းနည်းလေး အော်လိုက်မိတာကို ငိုယိုပြီးအခန်းထဲပြေးဝင်သတဲ့။
ကြည့် အခုဖျားပါဖျားသွားပြီ။

Silence In The Mirror (completed)Where stories live. Discover now