အပိုင်း နှစ်ဆယ်။

4.5K 373 8
                                    

" ရေလောင်းနေတာ ပြီးတော့မှာလား "

" အမယ်လေး ဗုဒ္ဓေါ "

" ဗုဒ္ဓေါမဟုတ်ဘူး မိုးသားနီ "

ခပ်ရွဲ့ရွဲ့စကားကြောင့် စောနကထိ လန့်နေပုံရသော ဒေါ်လွှမ်းနှင်းဆီမှာ မျက်စောင်းလေးခဲကာ မိုးသားနီအား ကျောခိုင်းရပ်နေလိုက်သည်။

" ရေလောင်းတာပြီးပြီမလား "

" ဘာလာလုပ်တာလဲ "

" မာမီ့ဆီသွားလည်မလို့ ခင်ဗျားလိုက်ခဲ့ရမယ် "

" ကိုယ့်ဘာသာ သွားပါ မလိုက်ချင်ဘူး "

မိုးသားနီ တစ်ချက်ပြုံးလိုက်ပြီး ကျောခိုင်းထားသူအား အနောက်မှဆွဲ‌ဖက်လိုက်၏။ ထို့နောက် နှစ်ဦးတည်းသာကြားနိုင်သော လေတိုးသံဖြင့်

" ခင်ဗျားကို ရိုးရိုးသားသား အဖော်လိုက်ခဲ့ဖို့ခေါ်နေတာ။ မာမီနဲ့ မိတ်ဆက်ပေးချင်လို့ မဟုတ်ဘူး "

" ဘာတွေလာပြောနေတာလဲ လွှတ်ပါကွယ် "

" ကားထဲထိရောက်အောင် ဆွဲပွေ့သွားရမလား။ လိုက်မယ်လို့မပြောမချင်း ခင်ဗျားကိုနမ်းရမလား "

" အယ် "

" ၁ .. ၂ .. "

" လိုက်မယ် "

ဖက်ထားရမှာလွှတ်လိုက်ပြီး ကားဆီသို့ မိုးသားနီ လျှောက်သွားလေသည်။ ဒေါ်လွှမ်းနှင်းဆီမှာတော့ စောစောက စကားတစ်ချို့ကြောင့် မျက်နှာလေးရဲကာ တုပ်တုပ်ပင်မလှုပ်ဖြစ်။

" ဗျို့ မနှင်းဆီ
အဲ့မှာပဲရပ်နေသေးပုံထောက် အချီခံချင်လို့လား "

" ဟင် "

" ဟင်မနေနဲ့ မြန်မြန်လာ "

ဒေါ်လွှမ်းနှင်းဆီခဗျာ အိမ်နေရင်းဝတ် ပါတိတ်အနွမ်းလေးကိုပင် မလဲလိုက်ရချေ။ လျော့ရဲရဲစည်းနှောင်းထားသည့် ဆံနွယ်ရှည်၊ မထူမပါးလိမ်းကျံထားသော ရွှေဘိုသနပ်ခါး။ ထို့ပြင် ကတ္တီပါဖိနပ်အဖြူ။ သာမန်အနေအထားလေးမှာတောင် သာမန်ထက်ထူးကဲစွာ လှနေသော မနှင်းဆီ။
ဖြစ်နိုင်ရင် သေတ္တာထဲသာ သော့ခတ်ပြီး မောင်ပိုင်သိမ်းထားလိုက်ချင်မိပါ၏။

" နုဝါတောင် ခင်ဗျားလောက် အိမ်စေပုံစံနဲ့ မတူဘူး မနှင်းဆီ "

Silence In The Mirror (completed)Where stories live. Discover now