အပိုင်း တစ်ဆယ့်ခုနစ်။

4.5K 362 15
                                    

ဖြတ်ပြေးသွားသော လေညှင်းလေးကဲ့သို့ပင် ~

ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် မိန့်မိန့်ကြီးထိုင်ကာ သတင်းစာဖတ်နေသော သူအား တစ်ချက်လှည့်ကြည့်မိသည်။ ချည်ဘောင်းဘီရှည်နှင့် တီရှပ်အပွအား တွဲကာဝတ်ဆင်ထား‌သူ။ သတင်းစာနှင့် ကွယ်ထားသောကြောင့် တမ်းတခဲ့ရသည့် မျက်နှာလေးအား မတွေ့ရပေ။

" သွားတော့မို့လား "

ဝဲတက်နေကာစ မျက်ရည်ကြည်တို့မှာ အသံတစ်ခုကြောင့်နှင့်ပင် ထိန်းမနိုင်စွာ စီးကျလာတော့၏။

" ခင်ဗျားတကယ်ကြီး သွားတော့မယ်ပေါ့ ဒေါ်လွှမ်းနှင်းဆီ "

သတင်းစာကို ဖယ်ရှားလိုက်သောအခါ မြင်လိုက်ရသည့် တစ်စုံတစ်ရာ။ ပိုတိုးကာပင် နှလုံးသားလေး တင်းကြပ်သွားရပြီး အားအင်တို့ပင် ကုန်ခမ်းလာခဲ့၏။

ကပိုကရို စည်းနှောင်ထားသော ဆံနွယ်။
နားသယ်စတွင် ပန်ဆင်ထားသည့် နှင်းဆီနီနီတစ်ပွင့်။

" ပထမဆုံးအကြိမ် ပန်းပန်ဖူးခြင်းပဲ။ အဲ့လိုပဲ ခင်ဗျားကလည်း ပထမဆုံးအကြိမ် ချစ်မိသွားတဲ့သူပဲ ဒေါ်လွှမ်းနှင်းဆီ "

" ကလေးငယ် "

" နားသယ်စမှာ အမြတ်တနိုး ပန်ဆင်ထားပါတယ်။ နမ်းရှိုက်ဖို့တောင် မစွမ်းနိုင်သည်အထိ တန်ဖိုးထားမိတာပါ။ သိလား ဒေါ်လွှမ်းနှင်းဆီ ... ခင်ဗျားကို အဲ့သည်လိုချစ်တာ "

" အဲ့စကားတွေ ထပ်မပြောပါနဲ့လား ကလေးရယ်။ ဒီလူ့ရင်ထဲ စုတ်ပြတ်သက်သွားစေမယ့် စကားတွေ လုံးဝမပြောပါနဲ့လား "

" ဟုတ်ပြီ ခင်ဗျားဖြစ်စေချင်တဲ့ အတိုင်း မပြောတော့ဘူး။ တစ်ခုတော့မှတ်ထားပေးပါ။ မိုးသားနီဆိုတဲ့ မိန်းမက ဒေါ်လွှမ်းနှင်း‌ဆီရဲ့ စကားတစ်ခွန်းကိုပင် မတွန်းလှန်ရက်ဘူး‌ဆိုတာကို "

စီးကျနေသည့် မျက်ရည်စတို့အား မိုးသားက ခပ်ဖွဖွသုတ်ပေးလေသည်။ ထို့နောက် သူမနားသယ်စတွင် ပန်ဆင်ထားလျက်ရှိသော နှင်းဆီပန်းကို ဒေါ်လွှမ်းနှင်းဆီအား ပြောင်းရွေ့ပန်ပေးလေ၏။

" တကယ်ထွက်သွားချင်တာလား "

" အင်း "

" ဟိုမှာ ဂရုတစိုက်နေနော် အများကြီး စိတ်မပူချင်ဘူး "

Silence In The Mirror (completed)Tahanan ng mga kuwento. Tumuklas ngayon