အပိုင်း တစ်။

24.9K 897 13
                                    

- 𝗦𝗶𝗹𝗲𝗻𝗰𝗲 𝗜𝗻 𝗧𝗵𝗲 𝗠𝗶𝗿𝗿𝗼𝗿 -

ပူပြင်းလှသော နေရောင်ခြည်သည် ရန်ကုန်မြို့တစ်မြို့လုံးအား အရှိန်အဟုန်ဖြင့် လောင်မြိုက်စေသကဲ့သို့။ လမ်းကြီးလမ်းငယ် အသွယ်သွယ်၌  ရွေ့လျားသွားလာနေသော မော်တော်ကားများသည်လည်း သူ့ထက်ငါအပြိုင်။ ရှေ့တိုးရေးကိုသာ ရှေးရှုရင်းဖြင့်။ ထိုထဲတွင် အညိုရောင် BMW ကားလေးသည်လည်း အပါအဝင်။

ကားမောင်းသူနေရာမှ အသက်လေးဆယ်ဝန်းကျင်ရှိသည်ဟု ခန့်မှန်းရသော ဦးလေးကြီးမှာ စိတ်မရှည်စွာ စုပ်သက်ရင်း ဟွန်းကိုသာ အဆက်မပြတ် တီးနေလေ၏။

" ဘာလို့ဆူအောင် လုပ်ချင်နေရတာလဲ "

အရှိန်အဝါအပြည့်ပါသော ခပ်ဆတ်ဆတ်အသံသည် အနောက်ခုံမှ ထွက်ပေါ်လာ‌ကြောင်း အထင်မမှားနိုင်။ အဖြူရောင်လက်ရှည် ရင်ဖုံးနှင့် အစိမ်းရောင် ထဘီအား ဝတ်ဆင်ထားသူမှာ အများနီးတူ ကျောင်းသူတစ်ယောက်သာ ဖြစ်သည်။ ခါး‌လောက်သာရှိသော ဆံနွယ်လိပ်လိပ်တို့အား ဖဲကြိုးဖြူဖြင့် စုစည်းရင်း ဘယ်ဘက်ရင်အုံနားသို့ လှပ်တင်ထား၏။

မည်သို့‌သော ခြယ်သမှုမှ မပါရှိသော သူမမျက်နှာသည် ဖြူဖွေးသော အသားအရည် အားကိုးဖြင့် လှမြဲတိုင်းလှနေပြန်သည်။ စိတ်အလိုမကျစွာ တွန့်ချိုးထားသော မျက်ခုံးနှစ်ဖက်၊ ခပ်စိပ်စိပ်ဖြာကျနေသည့် မျက်တောင်ရှည်များ၊ အညိုနုရောင် မျက်ဆံအား ဗဟိုပြုထားသော မျက်ဝန်းအိမ်။ ဘုရားရှင်က သူမအား အသေအချာ ပုံဖော်ထုဆစ်ထားပုံရ၏။ နီဆွေးဆွေးနှုတ်ခမ်းတစ်စုံမှာတော့ အပြစ်ဆိုဖွယ်မရှိ။

" တောင်းပန်ပါတယ် မမလေး။ အရှေ့က ကားတွေကသွားတာ တုံ့နှေးတုံ့နှေး လုပ်နေကြလို့။ ပြီးတော့ ဒီနေ့က မမလေး ကျောင်းစတက်မယ့်ရက်ဆိုတော့ မနောက်ကျစေချင်လို့ပါ "

နောက်ကြည့်မှန်မှ မြင်နေရသော သူမပုံရိပ်ကိုသာ ကြည့်ရင်း တောင်းပန်စကားဆိုနေရ၏။ ထိုအခါ ခေါင်းကိုတစ်ချက် ငြိမ့်ပြရင်း မျက်ဝန်းအိမ်တို့အား မှိတ်ချလိုက်လေသည်။ ထားလိုက်တော့ဆိုသည့် သဘော။
အစိမ်းရောင် ဘုတ်ပြားကြီးပေါ်တွင် အဖြူရောင်ဖြင့် ထုထွင်းထားလေသော " ပညာရိပ်မြုံ " ဆိုသည့် စာတန်းစုအား တစ်ဖက်ကားလမ်းမှပင် အထင်းသားမြင်နေရ၏။

Silence In The Mirror (completed)Tahanan ng mga kuwento. Tumuklas ngayon