အပိုင်း တစ်ဆယ့်ရှစ်။

4.5K 371 12
                                    

လူတစ်ယောက် အကြောင်းပြချက်မဲ့စွာ မျက်ရည်ကျနေပါက တစ်စုံတစ်ဦးအား အတိအပ လွမ်းဆွတ်နေခြင်းကြောင့်ပင်။   ။

" သံပုရာရည်လေး သောက်ပါဦး ကြီးကြီးလွှမ်း "

ကျလက်စမျက်ရည်တို့အား ဒေါ်လွှမ်းနှင်းဆီ ကပျာကယာသုတ်နေ၏။ နုဝါမှာ ခေါ်လိုက်မိသည်အား မှားလေစွဟုထင်ကာ အားတုံ့အားနာဖြစ်နေလျက်။

" ဘယ်သူ့ကိုလွမ်းနေတာလဲဟင် နုဝါ သိခွင့်ရှိမလား "

ကြယ်တာရာစုံသော မိုးကောင်းကင်အား မော့‌ကြည့်ကာ ဒေါ်လွှမ်းနှင်းဆီ နှုတ်ခမ်းလှုပ်ရုံသာ ပြုံးလေသည်။ ထို့နောက် နုဝါကမ်းပေးသော သံပုရာရည်ခွက်ကိုယူ၍ တစ်ဂျိုက်မော့သောက်မိ၏။ နုဝါကို ကြည့်မိတော့ သုံးနှစ်အရွယ် ကလေးလေးက မိခင်ဖြစ်သူထံမှ မုန့်အား မျှော်နေသလိုပင်။ မေးခွန်း၏ အဖြေအား စောင့်စား‌နေလျက်။

" အချစ်ဦးကိုပါ "

ပထမဆုံးအကြိမ် ရင်ခုန်မိခြင်းသည် အသည်းခိုက်မတတ် နာကျင်စေ၏။ ရင်ထဲနင့်အောင် ချစ်မိသူသည် ဒီနှလုံးသားကိုပင် ကြွေကျမတတ် ဖြစ်စေသည်။ ချစ်ရသူသည် ပိုင်စိုးပိုင်းနင်း ဆန်လှ၏။ မဖိတ်ခေါ်ပါပဲ ဝင်လာခဲ့ပြီး နှင်နေပါရက်နဲ့ ကပ်တွယ်လေသည်။

" ကြီးကြီးလွှမ်းရဲ့ အချစ်ဦးက အခုဘယ်မှာလဲ "

" ဟိုးအဝေးကြီးမှာပေါ့ သိပ်ကိုမှ အလှမ်းဝေးလွန်းတဲ့နေရာ၊ ခုံခုလို့ပင် လက်လှမ်းမမှီသော နေရာ "

" အခုထိကော ချစ်နေတာလား။ သူကကော ကြီးကြီးလွှမ်းကို မချစ်တော့ဘူးလားဟင် "

" ချစ်တာမှ သေမလိုပါပဲကွယ်။ သူကလည်း ချစ်နေသေးတယ်။ ဒါပေမယ့် ဒီရေစက်က ဘယ်လိုမှပေါင်းစပ်လို့ မဖြစ်ဘူး၊ မဖြစ်သင့်ဘူးဆို ပိုမှန်တယ် နုဝါ "

နုဝါ သက်ပြင်လေးတစ်ချက် ပင့်ရှိုက်မိ၏။
ကြီးကြီးလွှမ်း ထုတ်မပြောရင်တောင် နုဝါသိပါသည်။ ကြီးကြီးလွှမ်းရဲ့ အချစ်ဦးဆိုတာ ဘယ်လိုနည်းနဲ့မှ ဘဘဦးဂုဏ်ရောင် မဟုတ်ပေ။ မမလေးမိုးသားနီသာ ဖြစ်၏။

" နုဝါကတော့ အသက်မသေခင်လေး ချစ်ရသူနဲ့ အတူနေသွားချင်တယ်။ ဘယ်လိုအခက်အခဲတွေပဲရှိနေရှိနေ ချစ်ရသူမျက်နှာကိုပဲ ကြည့်ပြီး ရူးမိုက်မိမှာ "

Silence In The Mirror (completed)Where stories live. Discover now