အပိုင်း ကိုး။

5.5K 470 28
                                    

အဝါရောင်ကျူးလစ်

" မင်းကို မျှော်လင့်လို့မရမှန်းသိပေမယ့်
တစ်ဖက်သတ်ပဲဖြစ်ဖြစ် ဆက်ချစ်နေပါရစေ "

***

" ညကျရင် dinner သွားစရာရှိတယ် "

" ကြွယ်လိုက်ခဲ့ရမှာလားဟင် "

" ဟိုအမျိုးသမီးကိုပဲ ‌ခေါ်သွားမှာ။ မင်းကိုပြောပြတယ်ဆိုတာက သူကပြောခိုင်းလို့ "

အဲ့သည်လောက်ထိ မေမေ့အပေါ် အလေးထားပေးတတ်နေပြီပေါ့ ချစ်ရသူ။ မြတ်နိုးမှုလေးတွေက ယိုဖိတ်လာခဲ့သည်လားကွယ်။
ဟန်ဆောင်ပြုံးပြဖို့ပင် ကြွယ် မစွမ်းဆောင်နိုင်ခဲ့။ တင်းကြပ်လာ‌သော နှလုံးအိမ်နှင့်အတူ ကျဆင်းလာသော မျက်ရည်ကြည်တစ်ချို့။ တုန်လှုပ်မှုမပိုစေရန် အောက်နှုတ်ခမ်းအား ခပ်တင်းတင်း ကိုက်ထားမိသည်။

ကျောခိုင်းထားသူမှာတော့ နောက်ကွယ်မှ ငိုသံလေးအား မကြားဖြစ်ခဲ့။ ပြိုလဲသွားသည့် အချစ်တွေအား မသိမြင်နိုင်ခဲ့ပေ။

" ကြွရောက်လာပေးလို့ ကျေးဇူးပါဗျာ "

" မလိုပါဘူး "

အပြုံးအရယ်ကင်းသော မိုးသားရဲ့ မျက်နှာသည် အနည်းငယ်မျှပင် ခက်ထန်ခြင်းကိုဆောင်နေ၏။ ထို့အပြင် ကျွန်မအား သူ့အနားပိုတိုးစေကာ လက်ကိုပါ ချိတ်ထားခိုင်းသည်။ ဒါဟာဘယ်လိုအနေအထားမျိုးပါလိမ့် ပွဲထဲမှ လူတစ်ချို့သည်ပင် ကျွန်မတို့နှစ်ယောက်အား ကွက်ကြည့်ကွက်ကြည့်ဖြစ်လာကြ၏။

" ဟိုဘက်တိုးပါဦး ကလေးရယ် "

" ဝိုင်မသောက်ရဘူးနော် ဘာအအေးသောက်မလဲပဲပြောကြည့် "

ကျွန်မပြောသည်က တစ်မျိုး၊ မိုးသားပြန်လည်ပြောလာသည်က တစ်ခြားစီပင်။ လာပါပြီ သူ့စိတ်တိုင်းကျသာ လုပ်တော့မည့် အရိပ်အယောင်တွေ။ သက်ပြင်းသာခပ်ဖွဖွချရင်း အဆင်ပြေရာယူခဲ့ဟုသာ ပြောရတော့သည်။

မိုးသားရဲ့ အရပ်အမောင်းကြောင့် မထူထပ်ပေမယ့် ရှုပ်ဟန်ရှိနေသော စားသောက်ပွဲတွေနားတွင်တောင် ထင်းနေအောင်မြင်ရ၏။ ပုံမှန်အတိုင်း အနက်ရောင် suit အပြည့်အစုံကိုသာ ဝတ်ပြီး၊ အောက်ခံရှပ်မှ အပေါ်ကြယ်သီးနှစ်လုံးအား ဖြုတ်ထား၏။ အရင်ကနှင့်မတူတော့သည်ဆိုလို့ နက်ခ်တိုင်အစား နှင်းဆီပုံရင်ထိုးလေးကိုသာ အသုံးပြုလာခြင်း။

Silence In The Mirror (completed)Where stories live. Discover now