အပိုင်း နှစ်ဆယ့်သုံး။

4.4K 377 7
                                    

နှင်းဆီခြောက်ပွင့်
( ကိုယ် မင်းကိုချစ်တယ် )

" အားလုံးအဆင်သင့်ဖြစ်နေပြီ မောင် "

နှင်းဆီပန်းပင်တွေရှိရာ ခြံဝင်းထဲ၏ တစ်နေရာတွင် မောင် ထိုင်နေသည်မှာ နာရီဝက်နီးပါးပင်ရှိလေပြီ။ ယခုမောင့်ပုံစံက အရင်ကလိုမဟုတ်။ မျက်နှာမှာမှိုင်းလျနေ၍ မျက်ဝန်းတို့မှာ လွမ်းဆွေးသောအရိပ်အယောင် အပြည့်ဖြင့်။

" သွားကြတာပေါ့ ကြွယ် "

ကားပေါ်တက်ခါနီး အိမ်တော်ကြီးဆီသို့ လည်ပြန်ကြည့်မိသည်။ ပြတင်းပေါက်ပိတ်ထားသော ဒုတိယထပ်မှ အခန်းငယ်လေးဆီ ကြည့်မိချိန်တွင် ရင်ထဲဖြစ်ပေါ်လာသည့် ဝမ်းနည်းစိတ်။

ဒီအရပ်အဝန်းထဲကနေ ထွက်ပြေးခွင့်မရှိဘူး မနှင်းဆီ။ ကိုယ်လုံးဝခွင့်မပြုနိုင်ဘူး။

လက်မောင်းပေါ် ထိတွေ့လာသော လက်တစ်စုံကြောင့် မိုးသားအတွေးတို့ကို အစဖျောက်လိုက်တော့သည်။ ထို့နောက် အသင့်ဖွင့်ပေးထားသော ကားနောက်ခန်း၌ ဝင်ထိုင်လိုက်ပြီး မျက်လုံးတို့အား မှိတ်ချထား၏။

နှုတ်ဆက်ခဲ့တယ် မနှင်းဆီ။

" ကြီးကြီးလွှမ်းရေ ကြီးကြီးလွှမ်း "

မိမိနာမည်အား တကြော်ကြော်အော်ကာ ပြေးတက်လာသော နုဝါကြောင့် ဒေါ်လွှမ်းနှင်းဆီအသာပြုံးမိသည်။

" ဘာကိစ္စလဲကွဲ့ "

" ဟို ... ဟိုလေ မမလေး ... မမလေးမိုးသားတို့ အမေရိကားကို ပြောင်းသွားကြပြီတဲ့။ မမလေးကြွယ်ပါ ခေါ်သွားတယ်ကြားတယ် "

" အင်း "

မည်သို့သော အံ့ဩတုန်လှုပ်ခြင်းကိုမှ မပြသည့် ဒေါ်လွှမ်းနှင်းဆီကြောင့် နုဝါခဗျာ ပါးစပ်အဟောင်းသားဖြင့်။ မျက်နှာတစ်ချက်ပျက်ခြင်းလည်းမရှိပါပဲ ထိုးလက်စချည်ထည်လေးကိုသာ အာရုံပြန်စိုက်နေပုံမှာ အထူးအဆန်းပင်။

" ကြီးကြီးလွှမ်း "

" ပြောလေ နုဝါ "

" အခုချိန်လိုက်ရင် မှီသေးမယ်ထင်တယ်။ နုဝါတို့ လိုက်သွားကြမလားဟင် ကားပြင်ခိုင်းထားလိုက်မယ် "

Silence In The Mirror (completed)Where stories live. Discover now