အပိုင်း နှစ်ဆယ့်တစ်။

4.5K 359 8
                                    

ပြတင်းပေါက်နား စားပွဲခုံရွေ့ကာ စာရင်းစစ်နေသော မောင့်အား ကြွယ် တွေတွေလေးငေးမိသည်။ လရောင်၏ အလင်းတန်းပြေပြေလေးမှာ မောင့်မျက်နှာပေါ် ကျရောက်လျက်ရှိသည်။ လိုက်ကာစကိုပင် လှပ်တင်ထားခြင်းမို့ တိုက်ခတ်သမျှ ဆောင်းလေအေးအေးတို့မှာ မောင့်ဆံနွယ်တွေကြား ကမြူးလို့ရယ်။

ယောက်ျားသားမဟုတ်ပေမယ့် အလုပ်တစ်ခုအား အာရုံစိုက်လုပ်ကိုင်နေသော မောင်သည် များစွာကြည့်ကောင်း၏။ ရုတ်တရက် မျက်ခုံးကျုံ့လိုက်ပုံတွေ၊ မေးဖျားကိုလက်ထောက်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံတွေအား ကြွယ့်မှာ ငေးလို့ပင်မဝနိုင်။

" မောင် "

ကြွယ့်အခေါ်အား မောင်ကလှည့်မကြည့်ပဲ laptop သုံးနေရင်းဖြင့်သာ မေးဆပ်ပြ၏။

" လက်စွပ်က ဘာလို့ချွတ်ထားတာလဲ "

laptop ပေါ်လှုပ်ရှားနေသော မောင့်လက်ချောင်းသွယ်သွယ်လေးများ တုံ့ခနဲရပ်တန့်သွား၏။ ဘယ်ဘက်လက်ကို တစ်ချက်အရင်ကြည့်ပြီးမှ ကြွယ့်ဘက်အား လှည့်ကြည့်လာသည်။ မောင့်ပုံစံက တစ်ခုခုအားပြောရန် အားတုံ့အားနာဖြစ်နေသလိုပင်။

" ညနေက ရေကူးရင်း ကျွတ်သွားတာထင်တယ် "

‌မောင်ဟာ အေးဆေးစွာပင် ထိုစကားအား ‌‌ဆို၏။ ထို့နောက် တောင်းပန်ပါတယ်လို့ ပြောပြီး သူ့အလုပ်ကိုသာ ဆက်လုပ်နေတော့သည်။

ညဆယ့်တစ်နာရီကျော်ပြီမို့ အိမ်တော်ကြီးအတွင်း အလုပ်သမားများလည်း ရှိမနေတော့။ ပန်းနုရောင်ဂါဝန် အောက်နားစလေးသည် လေအဝေ့ကြောင့် တလွှင့်လွှင့်ဖြစ်နေ၏။ မြန်နှုန်းမြင့်နေသော ခြေလှမ်းတို့သည် ရေကန်အရှေ့၌ ရပ်တန့်သွားလေပြီ။

တစ်ဆယ့်ငါးပေ ပတ်လည်ကျယ်သော ရေကူးကန်ကြောင့် ကြွယ် ငိုချင်သွား၏။ ကန်အတွင်းထဲ မီးတွေဖွင့်ထားသည့်တိုင် အနက်ငါးပေခွဲရှိတာမို့ အောက်ခြေအား ရှင်းလင်းစွာ မမြင်ရပေ။ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသကဲ့သို့ ဒီရေကန်ကြီးထဲ လက်စွပ်လေးအား ခက်ခဲစွာ ရှာရတော့မည်။

" မောင်က အေးအေးလူလူနေနိုင်ပေမယ့် ကြွယ် မနေနိုင်ဘူး မောင်။ ဒီလက်စွပ်လေးကပဲ ကြွယ်တို့နှစ်‌ယောက်ကြား ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော အရာလေ "

Silence In The Mirror (completed)Место, где живут истории. Откройте их для себя