အပိုင်း နှစ်ဆယ့်ခုနစ်။

5K 374 12
                                    

~~ အနှောင်အဖွဲ့တွေကြားမှာ နေခွင့်ပြုပါ ဝဋ်ကြွေးတွေလား ~~

" ကလေး "

ပလပ်ဖောင်းပေါ်ထိုင်ရင်း ဘေးနားမှ ဓာတ်တိုင်လေးကို ခေါင်းမှီထားသော မိုးသားနီ။ မျက်ခွံများမှိတ်ကျနေပြီး ပုံစံကလည်း အားပျက်နေသူ တစ်ယောက်ကဲ့သို့။

ကားပေါ်မှအမြန်ဆင်းကာ မိုးသားဆီသို့ အပြေးလာသော ဒေါ်လွှမ်းနှင်းဆီ။ သတိလစ်နေပြီဖြစ်သော မိုးသားအား ရင်ခွင်ထဲ ဆွဲပွေ့လို့ တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်။ မျက်ရည်များမှာလည်း တာကျိုးသလို အဆက်မပြတ် စီးကျနေ၏။ သို့သော် ထိုအရည်ကြည်တို့အား ဒေါ်လွှမ်းနှင်းဆီ သုတ်ဖို့မအားပါ။

သတိလစ်နေသူသည် အားအင်ပါ ခမ်းခြောက်နေပုံရ၏။ ဒေါ်လွှမ်းနှင်းဆီ တွဲမကာ ကားထဲသို့ အလွယ်လေးထည့်လိုက်နိုင်သည်။ ထိုင်ခုံခါးပတ်ကိုပါ အသေအချာပတ်ပြီးနောက် ဦးတည်ရာက ဆေးရုံဆီသို့။

ကားတံခါးဖွင့်လိုက်သည်နှင့် ဆင်းပြေးလေသော အမျိုးသမီးမှာ ကျွတ်ကျသွားသည့် ကတ္တီပါဖိနပ်လေးတစ်ဖက်ကိုပင် အာရုံရပုံမပေါ်။ ဆေးရုံထဲသို့ ဝင်လိုက်ရုံရှိသေး အနောက်မှဝင်လာသော ကုတင်နှင့် ပွတ်တိုက်မိသွား၏။ ခါးထက်မှနာကျင်မှုကိုလည်း မမှုနိုင်၊ တောင်းပန်နေသော ဆေးရုံဝန်ထမ်းလေးကိုလည်း ပြေရာပြေကြောင်း မပြောနိုင်တော့ပါ။ ကောင်တာသို့အမြန်သွားကာ မိုးသားကိစ္စ ပြောရသည်။

သူနာပြုဆရာမနှစ်ယောက်နှင့် အကူဝန်ထမ်းတစ်ယောက် အပြေးထွက်လာ၏။ ကုတင်အလွတ်တစ်လုံးကို ယူဆောင်လာရင်းဖြင့်။
ကားတံခါးဖွင့်ပေးလိုက်သောအခါ သတိလစ်နေသော မိုးအားကို ကုတင်ပေါ်သို့တင်လိုက်ကြပြီး ဆေးရုံထဲသို့ တဖန်ပြန်ဝင်သွားကြ၏။

" လူနာရဲ့caseကို ကိုင်တွယ်တဲ့ဒေါက်တာ ဒီဆေးရုံမှာရှိလားရှင့် "

" ဟုတ် .. ဟုတ် ရှိပါတယ်။ ဒေါက်တာ ဦးမျိုးသက်ဇော်ပါ family doctorဆိုလည်းမမှားပါဘူး "

မိုးသားတစ်‌ယောက် နိုင်ငံခြားတွင် ဆေးကုပြီးမှပြန်လာသော်လည်း အခြေအနေကို ဆရာဝန်ဖြင့် သေချာပြန်စောင့်ကြည့်ရသည်။ ဦးခေါင်းအတွင်းဒဏ်ရာ အထိအခိုက်များထားခြင်းကြောင့် အထူးဂရုစိုက်နေရသော ကာလပင်။ ယခုလို အချိန်အခါမှာ မိမိကြောင့် ဒဏ်ရာအားပြန်ဆွသလိုဖြစ်သွားခြင်းမို့ များစွာစိတ်မကောင်းဖြစ်ရသည်။

Silence In The Mirror (completed)Opowieści tętniące życiem. Odkryj je teraz