အပိုင်း တစ်ဆယ့်ငါး။

4.9K 392 18
                                    

ကမ္ဘာပေါ်မှာ အမှောင်တွေသာ နေရာယူ
  အချစ်မရှိတော့တဲ့ နေ့ရက်များ ... ~

" မင်း ဒီနေ့လည်းမူးလာပြန်ပြီလား ငယ်သွေးကြွယ် "

လေသံခပ်မာမာ ... အတိအကျဆိုရလျှင် ကြွယ်မြတ်နိုးရသည့် အသံတစ်ခု။
လှေကားထစ်ဆီသို့ လှမ်းလက်စ ကြွယ့် ခြေဖမိုးလေးဟာ လေထုထဲ၌ ရပ်တန့်သွားပြီးနောက် မြေပြင်ပေါ်တွင် ပြန်လည်အခြေချမိသွားသည်။

" မမူးပါဘူး ကြွယ် နည်းနည်းပဲ သောက်လာတာ "

" မူးတာကမူးပါ အပြင်မှာ ဖြစ်ချင်တိုင်း ဖြစ်လာရင်တော့ ငါတို့ကွဲကြရုံပဲပေါ့ "

ခပ်ဟဟအော်ရယ်လိုက်မိ၏။
ဒါဟာ ဘယ်လောက်တောင် ရယ်စရာကောင်းသော စကားလဲ မောင်ရယ်။

" ဘယ်တုန်းက‌ ပေါင်းဖက်ဖူးလို့ ကွဲမယ်ပြောရတာလဲ မောင်။ ဖြစ်ချင်ရာဖြစ်လို့ အလွယ်လေး မောင့်ဘက်က ပြောနေနိုင်ပေမယ့် ကြွယ့်အတွက်တော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး "

ဒီနှလုံးသားသည် မောင့်အပိုင်ပါ။
ဒီခန္ဓာကို မောင်စားသုံးပြီး ဒီရင်ခွင်မှာ မောင်ပဲ မှေးစက်ခွင့်ရှိတာပါ။
ကြွယ်ဆိုတဲ့ မိန်းမက မိုးသားနီအတွက် ဖြစ်တည်နေတဲ့ သက်ရှိ။

" အလုပ်သမားတစ်ယောက် ငါ့ဆီလာခဲ့စမ်း "

ဩဇာအာဏာအပြည့်ပါသော ထိုအသံသည် ပုံမှန်ကြားနေကြ ခပ်ဩဩမဟုတ်။ တိကျပြတ်သားစွာ မိန်းမဆန်နေသည့် အသံ။ ပိုင်ရှင်သည်ကား ငယ်သွေးကြွယ်ပင်။

မီးခိုးခန်းမှ ခပ်သုတ်သုတ်ထွက်လာသော အကူကောင်မလေး။ ပြောင်းလဲလာ‌သည့် ငယ်သွေးကြွယ်အား သိပ်ကြောက်နေဟန်ရ၏။ ခေါင်းကိုသာ ငုံထားရင်း အေပရွန်အောက်နားစအား လုံးချေနေလေသည်။

" ကြွယ် သောက်လက်စ ဝီစကီပုလင်းက ကျန်သေးလား "

" မင်းထပ်သောက်ဦးမလို့လား "

မောင့်စကားအား မကြားဟန်ဆောင်ကာ အကူကောင်မလေးကိုသာ စကားဆက်ဆိုမိသည်။ ထိုအခါ မျက်ဝန်းထောင့်မှ မြင်နေရသည့် မောင့်မျက်နှာဟာ ဒေါသအပြည့်ဖြင့်။

" ကျန်သေးရင်ယူခဲ့ မကျန်တော့ရင်လည်း အသစ်ထပ်ဖောက်လာခဲ့။ ကြွယ် အရင်ကနေခဲ့တဲ့ အခန်းကိုလာပို့ပေး အခုချက်ချင်းနော် "

Silence In The Mirror (completed)Where stories live. Discover now